17.2

765 88 0
                                    

Unicode

မူလကိုယ်ရဲ့အမည်က ယွီရီ၊ သူမက မြေခွေးမျိုးနွယ် မိသားစုခေါင်းဆောင်ရဲ့အချစ်ဆုံးသမီးလေးဖြစ်ပြီး မျိုးနွယ်စုမှာ အကျော်ကြားဆုံး မြေခွေးမိစ္ဆာလေးပေါ့။ လူတိုင်းသူမကို အလိုလိုက်တာကြောင့် ယွဲ့ရီက ခေါင်းမာပြီးမာနကြီးတဲ့ကလေးမလေးအဖြစ် ကြီးပြင်းလာခဲ့ရတယ်..

သူမက မျိုးနွယ်ထဲကယောင်္ကျားတွေအားလုံးကို သူမနဲ့ထိုက်တန်တယ်လို မသတ်မှတ်ခဲ့ဘူး။ သူမလက်ထပ်မယ့်သူဟာ မည်သူမျှမယှဉ်နိုင်လောက်အောင် စွမ်းအားကြီးတဲ့သူပဲ ဖြစ်ရမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့တယ်။

ဒီလိုနဲ့ မျိုးနွယ်စုထဲကယောင်္ကျားပျိုတွေက သူမကို စတင်ရှောင်ရှားလာကြတော့တယ်။ ယွဲ့ရီကတော့ လုံးဝဂရုမစိုက်ခဲ့ဘူး။ ဒါတွေအားလုံးက ယွဲ့ရီတစ်ယောက် အမျိုးသားဇာတ်လိုက်နဲ့မတွေ့သေးခင် အချိန်အထိပဲ…

အမျိုးသားဇာတ်လိုက်က ရွှမ်ဖုန်း၊ သူက လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တာကြောင့် ချိတ်ပိတ်ခံထားခဲ့ရတဲ့ မိစ္ဆာတစ်ကောင်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်က သူ့ကို မတော်တဆလွတ်မြောက်စေခဲ့တယ်။ အမျိုးသမီးဇာတ်လိုက်ကလည်း မြေခွေးမိစ္ဆာတစ်ကောင်ပဲ။ ဒါပေမယ့် သူမက လူသားအသွင်ကိုမပြောင်းနိုင်တာကြောင့် မျိုးနွယ်စုထဲမှာ လူသိနည်းတဲ့မြေခွေးမလေးပေါ့။

သို့သော်ငြား အမျိုးသမီးဇာတ်လိုက်က ရွှမ်ဖုန်းနဲ့ တွေ့ဆုံပြီးနောက်မှာတော့ လူသားပုံစံ‌ကူးပြောင်းနိုင်ရုံသာမကပဲ မျိုးနွယ်စုထဲမှာ အလှပဆုံးမြေခွေးမိစ္ဆာဖြစ်လာခဲ့တယ်။ အဲ့အချိန်မှာပဲ မျိုးနွယ်စုထဲကယောင်္ကျားလေးတိုင်းက အမျိုးသမီးဇာတ်လိုက်ကို စတင်ချဉ်းကပ်ကြတော့တယ်။ ဒါပေမယ့် ဇာတ်လိုက်က သူမနဲ့အတူ မျိုးနွယ်စုထဲဝင်ရောက်လာချိန်မှာတော့ လူတိုင်းက လက်လျော့လိုက်ကြရပြန်တယ်။

ယွဲ့ရီကလည်း ဇာတ်လိုက်ကို မြင်မြင်ချင်းချစ်မိသွားပြီး အမျိုးသမီးဇာတ်လိုက်နဲ့တူတူသွားလာနေတာကို မြင်နေရတော့ စိတ်မကြည်မလင်ဖြစ်လာခဲ့တယ်။ အဲ့နောက်မှာတော့ ဇာတ်လိုက်စုံတွဲကြားမှာ အမျိုးမျိုးပြသနာတွေတက်အောင်လုပ်ပြီး ဇာတ်လိုက်ကို ချဉ်းကပ်ဖို့ကြိုးစားခဲ့တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now