Unicode
မြေခွေးမျိုးနွယ်စုရဲ့ညအမှောင်က အလွန်တိတ်ဆိတ်နေတော့တယ်။ အင်းစက်လေးတွေရဲ့အော်သံတောင်မှ မကြားလောက်အောင် ငြိမ်သက်နေတော့တယ်။ ရှီးရှန်က မြေခွေးမျိုးနွယ်စုရဲ့ အကြီးဆုံးသစ်ပင်ကြီးပေါ်တက်ကာ လဲလျောင်းလိုက်တယ်။
ကောင်းကင်ယံထက်မှာတော့ ကြယ်တွေနဲ့ပြည့်နှက်နေပြီး သူမရဲ့မျက်လုံးတွေမှာ ကောင်းကင်တစ်ခုလုံးရဲ့ပုံရိပ်က အလင်းပြန်နေခဲ့တယ်။ ဒါပေမဲ့ တောက်ပတဲ့ကြယ်ပွင့်လေးတွေရဲ့အလင်းရောင်က သူမမျက်ဝန်းကိုအသက်မဝင်စေခဲ့ဘူး။ သူမကြည့်ရတာ အသက်မဲ့နေတဲ့အရုပ်လှလှလေးလိုပဲ။
ရှီရှန်းက သူမရဲ့မျက်ဝန်းတွေကို အသာအယာပိတ်လိုက်တယ်။ နောက်တစ်ကြိမ်မျက်လုံးပြန်ဖွင့်တော့ ကောင်းကင်ယံထက်မှာ ကြယ်တွေပျောက်ကွယ်သွားခဲ့ချေပြီ။ ထိုအစား ဟင်းလင်းပြင်ကျယ်နဲ့အမှောင်ထုက နေရာယူထားခဲ့တယ်။
မရေအတွက်နိုင်တဲ့စာသားတွေနဲ့ ဂဏန်းအက္ခရာတွေကရွေ့လျားနေတဲ မျက်နှာပြင်တစ်ခုက သူမရဲ့အရှေ့မှာ တဖြည်းဖြည်းပေါ်ထွက်လာခဲ့တယ်။ စာသားတွေရဲ့အရှိန်ကမြန်ဆန်လွန်းတာကြောင့် သာမာန်မျက်လုံးဖြင့် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။
အောက်ခြေမှာတော့ Progress Bar တစ်ခုရှိနေခဲ့တယ်။
78%...
အရမ်းနှေးတာပဲ..ရှီရှန်းက အကြံအဖန်လုပ်ဖို့စဉ်းစားပြီးမှ အဲ့အတွေးကိုပြန်ဖျောက်လိုက်တယ်။
“ရှောင်ရီ.. မင်းအပေါ်မှာလား..?”
ဝူချန်ရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာတယ်။ရှီရှန်းက သစ်ရွက်တွေဖုံးလွှမ်းနေသောသစ်ကိုင်းတစ်ခုကို အောက်နှိမ့်ပေးလိုက်တယ်။ ဝူချန်လည်း အပေါ်တက်သွားလိုက်ပြီး..
“ရှောင်ရီ..” ဝူချန်က သူမကို ရှုပ်ထွေးနေတဲ့မျက်ဝန်းတွေဖြင့်ငေးကြည့်ရင်း..“ကိုယ် ဆရာ့ကိုသွားရှာတော့မလို့.. မင်း….”
“တာ့တာ..”
ရှီရှန်းက လက်ဝှေ့ရမ်းပြလိုက်တယ်။ဝူချန်လည်း ခါးသက်သက်ပြုံးလိုက်တယ်။ သူ,မလာခင်ကတည်းက မျှော်လင့်ထားခဲ့ပြီးသား။ သူမက နှလုံးသားကင်းမဲ့တဲ့လူပဲ.. သူမဆီကနေ ခွဲခြားဆက်ဆံခံရဖို့ မျှော်လင့်ထားလို့မရဘူး။