17.27

290 50 4
                                    

Unicode

ရှီရှန်းကို မိစ္ဆာလေးတွေက လိုက်ဖမ်းကြတော့တယ်။

‘Fuck… နင်တို့တွေ နင်တို့ပုံစံအမှန်ကို ဖျောက်ထားကြစမ်းပါဟဲ့..’

ဒါပေမဲ့ သူတို့အကုန်လုံးက မိစ္ဆာသွင်ပြင်ကို မဖျောက်ထားခဲ့ကြဘူး။ သူမကိုလိုက်ဖမ်းရင်းနဲ့ မိစ္ဆာလေးတွေကိုလည်း ကျင့်ကြံသူတွေကလိုက်ဖမ်းကြပြန်ရော။ တခါတလေ ရှီရှန်းခမျာ အနောက်ကိုပြန်လှည့်ပြီး အဲ့အရူးတစ်အုပ်ကို ကယ်တင်ပေးရသေးတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း သူတို့ကိုမတွေ့သလိုပဲ။

‘သူတို့တွေ လက်လျော့သွားကြတာလား..?’
ရှီရှန်း ခေါင်းခါရမ်းလိုက်တယ်။

‘သူတို့တွေ ငါ့ကိုလိုက်ဖမ်းရင်း မောပန်းသွားကြတာဖြစ်မယ်.. ဘယ်လိုလုပ် စာတစ်ကြောင်းတောင်မချန်ပဲ လက်လျော့သွားနိုင်ကြတာလဲ..?’

ရှီရှန်းလည်း စဉ်းစားရင်းနဲ့ စားသောက်ဆိုင်တစ်ခုထဲကို ဝင်သွားလိုက်တယ်။

‘ငါ့အစာအိမ်ကို အရင်ဖြည့်တာပေါ့…’

သူမ,စားသောက်နေစဉ် ပြည့်တန်ဆာတွေအကြောင်းပြောနေကြတဲ့ လူကြီးတွေရဲ့စကားလမ်းကြောင်းက ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။

“ယွဲ့ရန်ဂိုဏ်းက အခုလေးတင် မိစ္ဆာတွေအများကြီးကို ဖမ်းမိခဲ့တယ်တဲ့… မိစ္ဆာလောက,ကနေ မိစ္ဆာတွေအများကြီး ထွက်လာခဲ့တယ်.. သူတို့ တိုက်ခိုက်ချင်နေကြတာလား..?”

“မိစ္ဆာလောက,က တစုတစည်းတည်းဖြစ်တာ သိပ်မကြာသေးဘူးလေ.. ငါ့တို့ကိုလာတိုက်ခိုက်ဖို့ဆိုတာ ဖြစ်နိုင်လို့လား…? ငါကြားတာတော့ တစ်စုံတစ်ယောက်ကို လိုက်ရှာနေကြတာတဲ့..”

“တစ်ယောက်ယောက်ကို ရှာနေတာလား..? ဘယ်သူ့ကိုလဲ..?”

“ဘယ်သူသိမှာလဲ.. ယွဲ့ရန်ဂိုဏ်းက မနေ့ကမှ မိစ္ဆာအဖွဲ့လိုက်ကြီးဖမ်းမိထားတာလေ.. နောက်ရက်ပိုင်းလောက်ဆို သတင်းတွေ သိရမှာပေါ့..”

ရှီရှန်းရဲ့နှုတ်ခမ်းတွေက အတော်ကြာအောင်မဲ့ရွဲ့သွားခဲ့ရတယ်။
‘မိစ္ဆာအဖွဲ့လိုက်ကြီး..? ဒီမိစ္ဆာလေးတွေကတော့ တကယ့်ကို တုံးအကြတာပဲ..’

Final Boss Is No Joke (Arc-17)Where stories live. Discover now