17.29

298 43 2
                                    

Unicode

နှင်းဖြူဖွေးဖွေးတွေက နေရာအနှံ့ပြန့်ကျဲနေပြီး တလောကလုံးဖြူဖွေးနေတော့တယ်။

တောင်ပတ်လမ်းတစ်လျှောက်မှာ နှင်းတွေဖုံးလွှမ်းနေခဲ့ပြီး နှင်းလုံးလေးလိုမြေခွေးလေးတစ်ကောင်က ခြေထောက်တိုလေးတွေကိုအားပြုကာ ခက်ခက်ခဲခဲလမ်းလျှောက်နေလေရဲ့။ သူမခြေလှမ်းလိုက်တိုင်း သူမရဲ့ခန္ဓာကိုယ်တစ်ဝက်က နှင်းထုထဲကိုနစ်မြုပ်သွားလေတယ်။

ရှီရှန်းခမျာ အရမ်းပင်ပန်းနေခဲ့ချေပြီ။ နှင်းထုထဲမှာ ခြေပစ်လက်ပစ်လှဲချလိုက်တော့ သူမရဲ့တစ်ကိုယ်လုံးအေးစက်သွားပြီး သွေးတွေအေးခဲသွားသလိုပင်။

“Battle Mode..”
ရှီရှန်းက ခပ်တိုးတိုးရေရွတ်လိုက်တယ်။

“Fuck..”

ယွဲ့ရန်ဂိုဏ်းနဲ့တိုက်ခိုက်နေတဲ့အချိန် သူမ,နိုင်ခါနီးမှာ အရူးတစ်ယောက် ရုတ်တရက်ပေါ်လာခဲ့တယ်လေ။ ပြီးတော့ မိစ္ဆာချည်နှောင်ခြင်းအစီအရင်ကို အသုံးပြုသွားခဲ့တယ်။ သူမရဲ့တုံ့ပြန်မှုသာ မမြန်ခဲ့ဘူးဆိုရင် အဲ့နေရာမှာပဲသေဆုံးသွားပြီး System Space ထဲကို ပြန်ရောက်သွားလောက်ပြီ…

ဒါပေမဲ့ တုံ့ပြန်မှုလျှင်မြန်ခဲ့တာလည်း အချည်းနှီးပဲ။ သူမရဲ့ကံကောင်းခြင်းအမှတ်က 30% လျော့နည်းနေတော့ ကံဆိုးမှုတွေဆီးကြိုနေပြန်တယ်။ နောက်ဆုံးတော့ အပြင်းအထန်ဒဏ်ရာရသွားခဲ့ပြီး ထွက်ပြေးလာခဲ့ရတယ်။

ဒီတစ်ခေါက်တော့ မြေခွေးဘုရင်ကြီးရဲ့စွမ်းအားအကုန်လုံးလွှဲပေးခဲ့ရင်တောင် ပြန်ကောင်းနိုင်ချေမရှိတော့ဘူး။ ပိုပြီးစိတ်ရှုပ်စရာကောင်းတာက မိစ္ဆာချည်နှောင်ခြင်းအစီအရင်ကို ဘယ်သူသုံးသွားမှန်းမသိလိုက်တာပဲ…

‘Fuck .. ဒီကိစ္စက တကယ့်ကိုကိုးရိုးကားယားနိုင်တာပဲ.. ငါက ဘယ်သူ့ကိုလက်တုန့်ပြန်ရမှာလဲ..?’

ရှီရှန်းတောင်ထိပ်ကိုရောက်သွားတော့ သိပ်သည်းလှတဲ့ချီစွမ်းအားတွေက သူမခန္ဓာကိုယ်ထဲကိုစီးဝင်လာခဲ့တယ်။ ရှီရှန်းခမျာ ချီစုစည်းခြင်းအစီအရင်မခင်းကျင်းခင် နှင်းထုပေါ်မှာလှဲချလိုက်ပြီး ခနအမောဖြေနေရရှာတယ်။ အတော်ကြာမှ အစီအရင်အလယ်မှာ သွားထိုင်နေလိုက်တယ်။

Final Boss Is No Joke (Arc-17)Where stories live. Discover now