Episode 5✨🍁

37.7K 3.5K 116
                                    

ဖြစ်ရပ်များကို အကုန်ကြားသိလိုက်ရပြီးနောက် ဦးညို အောက်ကိုပုံကျသွားရသည်။

"ဦးညို...ဦးညိုလေး...."
"သားလေး..."
သဇင်နှင့် ခွန်ဝနီဒါတို့ပြိုင်တူအထိတ်တလန့်အော်လိုက်ကြပြီး အနားသို့အမြန်သွား ထူလိုက်ကြသည်။

"သားလေး အဆင်ပြေရဲ့လားဟင်..."

"ဦးညိုလေး အဆင်ပြေရဲ့လား..."
သဇင် ဆုပ်ကိုင်မိထားသည့် ဦးညိုလက်ဖျားများ‌သည်အေးစက်လို့လာသဖြင့် သဇင်လန့်လာရသည်။
ခွန်ဝနီဒါသည်လည်း ဘေးက စိုးရိမ်တကြီး မျက်ဝန်းများဖြင့်ကြည့်နေမိသည်။

"ဦးညိုလေး...အဲ့လိုကြီး မလုပ်ပါနဲ့ တစ်ခုခုပြောပါဦး ဟင် မမလန့်လာပြီ...ဦးညို...မမကိုကြည့်ပါဦး..."
ဦးညို မျက်နှာလေးကို ဆွဲမော့ရင်းပြောလိုက်သည်။

ဦးညို ဦးတည်ချက်မရှိ ကြောင်အစွာငေးကြည့်နေမိသည်။သူဘာစကားမှလည်းမပြောချင်တော့ တကယ်ပင်ပန်းနေလေပြီ။
"ကျနော် နားချင်ပြီ..."

"ဟင်...အင်းအင်း ခဏနားလိုက်နော်...မမရှိတယ် ဦးညိုလေးဘေးမှာ မမရှိနေပေးမယ်...."
သဇင်ဦးညိုအတွက်တောင် ဒီကိစ္စက လုံးဝကိုshockဖြစ်စေသည့်အတွက် ဦးညိုဆိုရင် ပိုဆိုးပေလိမ့်မည်။
"သမီးတောင်းပန်ပါတယ် ဖေဖေ...ဖေဖေ့ကိုအထင်လွဲခဲ့မိတယ်... "သဇင် စိတ်ထဲကနေ ဖေဖေ့ကိုတောင်းပန်မိလိုက်သည်။

"ကျနော် တစ်ယောက်ထဲနေချင်တယ်...ထွက်သွားပေးနိုင်မလားဟင်...အကုန်လုံး..."ဦးညိုပြောရင်း သတိလစ်သွားရသည်။

"ဦးညို...ဦးညို...ဒေါက်တာ လုပ်ပါဦး..."

ဒေါက်တာNi စစ်ဆေးလိုက်ပြီး
"ဦးညိုက ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်တဲ့အပြင် နဂိုကလဲ စိတ်‌နုသူမို့ shock‌ဖြစ်သွားတာပါ ခဏလောက်သူအနားယူဖို့လိုတယ်..စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ်.."

"ဟူးးးးကလေးရော ထိခိုက်နိုင်လားဟင်..."သဇင် သက်ပြင်းအသာချရင်း မေးလိုက်မိသည်။

"မထိခိုက်နိုင်ပါဘူး...ဦးညိုလေးက ထင်ထားတာထက် ဒီကလေးအတွက်ဆိုစိတ်မာပါတယ်...."

"ဦးညိုရယ်...."
သူမရဲ့မောင်ငယ်လေးဟာ အဘယ်မျှတောင်သနားစရာကောင်းလိုက်ပါသလဲ။သူမဟာ ဦးညိုမပေါ်မကောင်းခဲ့တာများသည့်အတွက်လဲ ကိုယ့်ကိုကိုယ်ခွှင့်မလွှတ်နိုင်ပေ။ဖေဖေတစ်ယောက်ထဲဆီက နွေးထွေးမှုတွေနှင့် ရှင်သန်ခဲ့သည့် ကောင်ငယ်လေး အဘယ်မျှတောင် သူနာကျင်နေခဲ့လိုက်မလဲ။သူဟာ မိသားစုကြားက မြေစာပင်လေးဖြစ်ခဲ့ရလေသည်။
မေမေရဲ့ နာကျင်မှုဖြေဖျောက်ရာ ဖေဖေရဲ့နာကျင်မှုမှီတွယ်ရာ...သူမအတွက်တော့ စိတ်ထွက်ပေါက်ရာ....။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now