Episode 38✨🍁

25.5K 2.2K 227
                                    

တစ်ရုံးလုံးပျာယာခတ်အောင် ရှာဖွေနေသည့်အခိုက်မှာပဲ ဦးညို၏ ဖုန်းထဲသို့ messageတစ်ဆောင်ဝင်လာသည်။
ဦးညိုတုန်တုန်ယင်ယင်နှင့်ပဲ စာကိုထုတ်ဖွှင့်လိုက်သည်။

^မင်းမြတ်ဧကဦးမာန်ရဲ့အသက်ကိုမှီချင်သေးရင် ငါပို့လိုက်တဲ့လိပ်စာအတိုင်း လာခဲ့...
တစ်စုံတစ်ယောက်ကိုခေါ်လာဖို့ကြိုးစားနေမယ်ဆိုရင် အသက်မပြောနဲ့
မျက်နှာတောင်မမြင်လိုက်စေရဘူး.....
အခုချက်ချင်းနော် ကြာရင်လည်းမှီမှာမဟုတ်ဘူး...^

စာကိုဖတ်ရင်း ဦးညိုအမြင်အာရုံတွေ‌ပိုပြီးဝေဝါးလာရသည်။
ဖုန်းစခရင်ပေါ် ကျနေသည့် မျက်ရည်များဟာလည်း ထိန်းမရ။

*ငါ ဘာလုပ်ရမလဲ...ငါဘာလုပ်ရမလဲ...
ငါ့သားလေး...ငါ့သားလေး...*
ထို့နောက် ဦးညို အပြင်သို့ အမြန်‌ပြေးထွက်ကာ ရပ်ထားသည့် သော့တန်းလန်းနှင့်တွေ့ရသောဆိုင်ကယ်ပေါ် အမြန်တက်ပြီး မောင်းထွက်သွားလိုက်သည်။

အသက်တို့မှာလည်း ရုတ်တရက်ဖြစ်သွားသောအဖြစ်ပျက်များကြောင့် ကြောင်အနေမိပြီး ဦးညိုထွက်သွားသည်ကိုလည်း မတားမိလိုက်။
ထို့ကြောင့် လင်းမိုဦးဆီအမြန်ဖုန်းဆက်လိုက်သည်။စောနက ထူပူနေသဖြင့် ဘယ်သူမှဆက်သွယ်ဖို့ကို သတိမရ။
Bossကလည်း ဒီအချိန်ကြမှ ဘယ်သွားမှန်းလည်း ဘယ်သူမှမသိသဖြင့် စိတ်ညစ်နေမိကြသည်။

“ဟယ်လို ကိုလင်းမိုလားရှင့်...”

“အေး...ဘာကိစ္စရှိလို့လဲ...”
လင်းမို စာရင်းတွေစစ်ရင်း ဖုန်းကိုဂုတ်နှင့်နားရွက်ကြားညှပ်ရင်း ဖြေလိုက်သည်။

“ဟုတ် အရေးကြီးလို့...ကလေး ဧကလေးပျောက်သွားလို့ အကို...ဦးညိုလေးလည်း မျက်ရည်လည်ရွှဲနဲ့ ဖုန်းကိုကြည့်ပြီး ဘယ်ထွက်သွားမှန်းမသိလိုက်ဘူးး...bossက ဒီမှာမရှိလို့...တစ်ချက်လောက် bossကိုဆက်သွယ်ပေးပါဦး...အသက်တို့လည်း တစ်ရုံးလုံးနှံ့နေပြီး မတွေ့လို့...”

“ဘာပြောတယ်....ကလေးပျောက်သွားတယ် ဟုတ်လား...ဘယ်ချိန်တုန်းကလဲ ဘယ်လိုပျောက်သွားတာလဲ..”.
လင်းမို စိုးထိတ်မှုနှင့်အတူ အလျှင်အမြန်ပဲမေးလိုက်သည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now