ကုဋေ သားကိုအောက်တွင်မတွေ့သဖြင့် အပေါ်သို့တက်လာခဲ့ရာ ကုဋေ့အခန်းထဲတွင် သူ့ကိုလက်ပိုက်ကာကျောပေးထားသော ဧကလေးကိုတွေ့လိုက်ရသည်။
ဧကလေးအနားသွားလိုက်ပြီး ဘေးတွင်ထိုင်လိုက်ကာ...
“သား ဧကလေး...”“ကျန်ရာရဲတေးရာယ်ရော်...”
ဧကလေး အရမ်းကိုစိတ်ဆိုးနေပါသည်။ဒယ်ဒီက သူ့ကိုပစ်ထားခဲ့ယုံသာမက နောက်ကျမှပြန်လာသည့်အတွက်ကြောင့် ပို၍ စိတ်ဆိုးနေ၏။“ဟက်...သားသားက ဒယ်ဒီကို စိတ်ဆိုးနေတာလား....”
ကုဋေ အနွေးတုံးလေးကို ကိုယ်ပေါ်သို့ ပွေ့ချီ၍ မေးလိုက်သည်။
သကောင့်သားအကြောတင်းလေးကတော့ မျက်မှောင်ကိုကျုံ့ထားပြီး လက်ပိုက်ထားကာ နှုတ်ခမ်းကိုလည်း မဆိုစလောက်အရှေ့ကိုဆူထားသေးသည်။“ချိတ်ချိုးတာ ခေးတေရုပ်.. ဧတယေးတ ခေးဝုတ်ဖူး.....”
သူ့ကိုစိတ်ဆိုးနေတာလားမေးယုံနှင့် ခလေးမဟုတ်ဘူးတွေပါပြောလာသော မင်းမြတ်ဧကဦးမာန်ပေါက်စကြောင့် ကုဋေ အူယားပြီး သဘောတကျရီမိသည်။
“ဟားးးးဟုတ်ပါပြီ ခလေးမဟုတ်တဲ့လူကြီးခင်ဗျ...ဘယ်သူနဲ့တူလို့ဒီလောက်ထိချစ်စရာကောင်းနေရတာတုန်း...ဒယ်ဒီ့ကိုပြောပါဦး...”
ကုဋေ ချစ်မြတ်နိုးစွာ ပါးဖောင်းဖောင်းလေးကိုဆွဲရင်း ပြောလိုက်သည်။“ပါးပါးတူယို့... ”
“အမ်...အရင်တုန်းကတော့ ဒယ်ဒီနဲ့တူတာဆို...”
“နိုး...ပါးပါးရဲ့တူရာ..တို့ချစ်ယေးရဲ့တူရာ...”
“ဟာ ဧကလေးကလဲ...ကိုယ့်ချစ်လေးလို့မခေါ်ရဘူးလို့...အဲ့ဒါဒယ်ဒီမူပိုင်...”
“နိုး...ရာကြောရဲ့...တို့ချစ်ယေးယို့ထော်ရာပဲ...”
“မင်းမြတ်ဧကဦးမာန်....”
ကုဋေ အကောက်ပေါက်လေးကို မနိုင်စွာပဲ မျက်နှာတည်ပြီးခေါ်လိုက်သည်။“ဟွန့်...”
ဧကလေး နှာမှုတ်ပြီး တစ်ဖက်လှည့်လိုက်သည်။မင်းမြတ်ဧကဦးမာန်ကို ဒီလိူမျိုးလာလုပ်လို့မရပါ။မင်းမြတ်ကုဋေဟန်တည်ပါက ဆယ်ဆတည်ပစ်မည့် မင်းမြတ်ဧကဦးမာန်ပါပင်။“သားကလဲ...နောက်တစ်ခါဒယ်ဒီပစ်မထားခဲ့တော့ပါဘူး...မနက်က ရုံးမှာ ဒယ်ဒီအစည်းအဝေးရှိလို့သွားတာ..သားလေးရဲ့...သားပါးပါးနဲ့မတွေ့ခဲ့ရပါဘူး...”
ကုဋေ လူဆိုးကောင်လေး စိတ်ပြေစေဖို့လိမ်ပြောလိုက်သည်။သူ့ပါးပါးနှင့်တွေ့ယုံသာမက ညနေစာပါစားခဲ့သေးသည်ဆိုလျှင် ဒီအကောက်လေးက ချော့လိုရမည်တောင်မဟုတ်ပေ။
ဝင်လာကတည်းက လူဆိုးကောင်လေးပဲ ချော့နေရ၍ နံရံပေါ်ကပုံတွေတော့ သူခုထိမမြင်မိသေး။