Episode 29✨🍁

30K 2.7K 180
                                    

My Universe is Oo Nyo 💫✨
Episode 29

ဦးညို ကုတင်ပေါ်လှဲနေရင်းပင် ဖုန်းကိုခဏခဏကြည့်နေမိသည်။
လူကဖျားနေရသည့်အထဲတွင် သူ့ကိုလုံးဝဖုန်းဆက်မလာသည့် ကိုကိုနဲ့သားလေးကြောင့် လူကဝမ်းနည်းပြီးငိုချင်လာရသည်။

🎶Boy,you got me hooked onto something..,who could say that they saw us coming?
Tell me..., do you feel that love?....
ထိုအခိုက် မြည်လာသောဖုန်းသံကြောင့် ထိတ်ကနဲဝမ်းသာသွားရသလို ဟန်တောင်မဆောင်နိုင်တော့ပဲ ကိုင်လိုက်မိသည်။
ပြီးမှ စိတ်ကိုပြန်ထိန်းလိုက်ကာ..

“ဟယ်လို...”

တစ်ဖက်မှ ထွက်ပေါ်လာသော အသံဖျော့တော့တော့လေးကြောင့် ကုဋေ လန့်သွားရသည်။

“နေ‌မကောင်းဘူးလား ကိုယ့်အချစ်...”

“....”
ဦးညို ကိုကို့အသံကြားမှ ပို၍တောင်ငိုချင်လာမိသည်။ထို့ကြောင့် သူဘာစကားမှ‌ပြန်မပြောမိ။အသံထွက်လိုက်ရင် ရှိုက်သံပါသွားမှာဆိုးသည်။

တစ်ဖက်မှ ဘာမှပြန်မဖြေလာသဖြင့် ကုဋေ ပိုစိုးရိမ်သွားရသည်။

ထိုအခိုက် ဧကလေး ပါးပါးဆီမှ ဖုန်းကိုဆွဲယူလိုက်ပြီး
“ပါးပါး‌...”

သား၏အသံလေးကြားသည့်အချိန်တွင် သူအားတင်းပြီးထူးလိုက်သည်။
“ဗျာ...”

“တားတို့ကျန်ရာနေဘီ..”

“ဟုတ်လား သားလေး...”

“ဝုတ်...”

“အင်း ပြန်လာခဲ့တော့ ပါးပါးလွမ်းနေပြီ...”
ဦးညိုတကယ်ကို ကိုကိုနဲ့သားလေးကို လွမ်းနေပြီဖြစ်သည်။

ကုဋေ ဖျော့တော့နေသော အသံလေးကြောင့် သေချာသွားရသည်။
ကိုယ့်ကိုစကားပြန်မပြောသည့်ကောင်လေးက စိတ်ကောက်နေသည့်ပုံပင်။

“တားရဲရွမ်း...ပါးပါးတို များရီးရွမ်း ...ညန်ညန်ကျန်ခဲ့ရယ်ရော်...”

“အင်း ပါးပါးနေမကောင်းဘူး...သားလေးကိုလွမ်းနေရလို့...”

“ကိုယ်တို့ အခုပဲ လက်မှတ်‌ဖြတ်ပြန်ခဲ့မယ်နော် ကိုယ့်အချစ်...”
ကုဋေ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။

“ဟုတ်...”
ဦးညို တိုးတိုးလေးပြန်ဖြေလိုက်ရင်း ဖုန်းကိုချလိုက်သည်။
မျက်ဝန်းထောင့်မှလိမ့်ဆင်းလာသည့်မျက်ရည်ကြည်လေးများကိုတော့ သူ မသုတ်ဖယ်မိ။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now