Episode 16✨🍁

38.5K 3.3K 259
                                    

ဒီနေ့ရုံးပိတ်ရက်မို့ ပုန်းညက်ဦးညိုတို့ဇိမ်အလွန်ကျနေပြီး စောင်ပုံထဲမှာပဲ ကွေးနေမိသည်။တစ်ရက်တစ်လေလေး နားရတာမို့ အရင်းအတိုးပါပေါင်းရင်း 8နာရီထိုးသည့်အထိမထပဲ ကွေးနေလိုက်သည်။

🎶🎼I could say I never dare to think about you in that way but I could be lying.....
And I pretend I'm happy for you when you find some dude to take home but I won't deny that...
In the midst of the crowds,in the shapes in the clouds....,
I don't see nobody but you....
In my rose-tinted dreams,wrinkled silk on my sheets,
I don't see nobody but you....
Boy,you got me hooked onto something..,who could say that they saw us coming?
Tell me..., do you feel that love?....
Spend the summer of a lifetime with me,let me take you to the place of your dreams..
Tell me....,do you feel that love?......🎼

“သီချင်းလေးကနားထောင်ကောင်းလိုက်တာ....ဟီးးးဘယ်သူဖွှင့်ထားတာပါလိမ့်...”
ဦးညို မျက်လုံးမဖွှင့်သေးပဲပြုံးပြီးပြောလိုက်သည်။

“ဗု‌ဒ္ဓေ...ငါ့ဖုန်းလာနေတာဟ...”
ဦးညို ထိုအခါမှ မိမိဖုန်းလာနေသည့်အဖြစ်ကိုသိပြီး ငုတ်တုတ်ထထိုင်လိုက်၍ ဖုန်းကိုလိုက်ရှာရာ ခြေရင်းနားကစောင်ပုံထဲမှာ တွေ့လိုက်ရသည်။
ဖုန်းနံပတ်အစိမ်းကြီးဖြစ်နေသဖြင့် ဦးညိုပြန်ခေါ်သင့်မခေါ်သင့် စဉ်းစားနေတုန်း ဖုန်းသံထပ်မြည်လာသဖြင့်...
“ဟယ်လို....”

“ကိုယ်ပါ...”

“ဗျာ....”
အရင်းမရှိအဖျားမရှိကိုယ်ပါဟုလာပြောနေသောကြောင့် ဦးညိုကြောင်သွားရသည်။

“ဘယ်က ကိုယ်လဲဗျ...”

“ဟက်...တစ်ရက်ထဲနဲ့ ကိုယ့်ကိုမေ့သွားတာတော့မဟုတ်ပါဘူးနော် ကိုယ့်အချစ်က...”
ကုဋေ တစ်ဖက်မှ မသိချင်ယောင်ဆောင်နေသော ကောင်လေးကို ခပ်တည်တည်နဲ့ပြောလိုက်သည်။သားက သူ့ပါးပါးနဲ့ပဲတွေ့ချင်ပါသည်ဆိုပြီး မိုးလင်းထဲကဂျီ‌ကြနေသဖြင့် ကုဋေ cv formထဲက ဖုန်းနံပတ်အတိုင်းလှမ်းဆက်လိုက်သည်။ကုဋေလဲ ဦးညိုကိုသတိရသောကြောင့် ဆက်လိုက်ရာ သားက
ဘေးကနေ မျက်လုံးပြာပြာဝိုင်းဝိုင်းစိုစိုကြီးတွေဖြင့် ကိုယ့်ကိုမော့ကြည့်နေလေသည်။

“အာ....မမေ့ပါဘူးဗျ...”
ဦးညို ကုဋေ့စကားကြောင့်ပြုံးလိုက်မိသည်။
*ဒီလူဖုန်းနံပတ်ဘယ်လိုရတာပါလိမ့်.. အော် ပုန်းညက်ဦးညို‌ရယ်...ကိုကို့လိုလူမျိုးအတွက် မင်းဖုန်းနံပတ်ရှာဖို့ 1စက္ကန့်တောင်ကြာပမလားဟ မင်းကတော့ဦးနှောက်ပဲ...*

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now