#အမှန်တရားတစ်ခုဟာ ဘယ်ချိန်ထိဖုံးကွယ်ထားနိုင်မယ်လို့ ထင်လဲ...။
“ဒယ်ဒီ...ဘရဏီစောင့်ရတာစိတ်မရှည်တော့ဘူးကွာ....”
ဦးထင်အောင်ထူးတစ်ယောက် ရှေ့မှ ဆူပုတ်ပြီးကောက်နေသော သမီးဖြစ်သူကြောင့် ပြုံးလိုက်ပြီး လုပ်လက်စ အလုပ်ကိုအမြန်လက်စသတ်လိုက်သည်။
ဒီတစ်ခေါက်ပရောဂျက်က သူအချီကြီးရနိုင်သည့်ပရောဂျက်ပင်မဟုတ်ပါလား။
မာန် ကုမ္ပဏီကို သူလက်ဝါးကြီးအုပ်သိမ်းခဲ့တုန်းက သိပ်ပြီးအများကြီးမမျှော်လင့်ခဲ့ေသော်လည်း ခုချိန်မှတော့ ကုမ္ပဏီကို ပေါက်ဈေးထက်အဆပေါင်းများစွာပေးပြီး ကမ်းလမ်းလာတဲ့သူရှိလာပြီပဲမဟုတ်ပါလား။
ကိုယ့်လက်ထဲနေလဲ အမြတ်မရပဲငွေအောင်းနေသည့် ထိုဆောက်လုပ်ရေးကုမ္ပဏီကို ခုလိုဈေးကြီးပေးတဲ့သူရှိလာတုန်းရောင်းထုတ်ပြီး GADAYကုမ္ပဏီမှာ ရှယ်ယာထပ်ထည့်ရမည်။
နောက်ပိုင်း သမီးဖြစ်သူနဲ့အကြောင်းပါလာပါက မင်းမြတ်ကုဋေဟန် ရှယ်ယာ65%နဲ့ ခုသူ့မှာရှိနေတဲ့ရှယ်ယာ7%ရယ် ထပ်တိုး8%ရယ်ဖြင့် 15%ဖြစ်သွားပြီး ကုဋေရှယ်ယာနှင့်ပေါင်းလျှင်80%ထိရောက်သွားကာ ထို80%လုံးဟာ သူ့သမီးအပိုင်ပဲဖြစ်လာမည်မဟုတ်ပါလား။
မင်းမြတ်ကုဋေဟန်လိုလူစားမျိုးက မိမိအိမ်သူသက်ထားအတွက်ဆိုလျှင် ကုမ္ပဏီတစ်ခုလုံးကိုတောင် ဝယ်ပေးနိုင်သည့်အနေအထားမှာရှိသည့်အတွက် ဘရဏီသာကပ်ချွဲတက်လျှင် ကုဋေကုမ္ပဏီက သူ့လက်ထဲရောက်လာမည်သာဖြစ်သည်။
ဖြစ်မလာသေးသည့် အနာဂတ်ပလန်ကိုရှယ်ချထားရင် ဦးထင်အောင်ထူး နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။
ကိစ္စတိုင်းက သူစီစဉ်ထားသလိုပဲဖြစ်လာရမည်။အကယ်၍ ဖြစ်မလာပါက မစားရတဲ့အမဲသဲနှင့်ပတ်ပစ်ရုံသာမဟုတ်ပါလား။
မာန်ကုမ္ပဏီရဲ့လမ်းနောက် လိုက်ခိုင်းရုံပေါ့။ဘရဏီ ကိုယ်ပြောသည့်စကားကိုအရေးမလုပ်ပဲ သူ့အလုပ်ပဲဆက်လုပ်နေသော ဒယ်ဒီကြောင့် ဆိုဖာပေါ်စိတ်ပျက်လက်ပျက်ထိုင်လိုက်သည်။
“ဒယ်ဒီ....ဘရဏီပြောနေတာကော ကြားရဲ့လား...ဘရဏီ စိတ်မရှည်တော့ဘူးလို့ ကိုကိုကလဲ ဟိုယောင်္ကျားလေးမတန်ပဲနုဖက်နေတဲ့ကောင်နဲ့ ဟိုလိုလိုဒီလိုလိုတွေဒယ်ဒီရဲ့....”