Episode 37✨🍁

27.3K 2.3K 173
                                    

တစ်ပတ်ခန့်ကြာပြီးနောက် တရားမဝင်လမ်းမှ မှာထားသည့်ဆေးဗူးတွေရောက်ပြီဆိုသော သတင်းကြောင့် မေဘရဏီထူး ပထမဆုံးအပြင်ထွက်ပြီး ကိုယ်တိုင်သွားယူဖို့ပြင်လိုက်သည်။
အဝတ်ဗီဒိုထဲမှ နက်ဆွေးနေသည့်အနက်ရောင်အိင်္ကျီနှင့်အတူ ဘောင်းဘီရှည်ကိုပါထုတ်လိုက်သည်။

ကိုယ်လုံးပေါ်မှန်ရှေ့ မတ်တပ်ရပ်ရင်း မိမိကိုယ်ကိုစုန်ဆန်ကြည့်လိုက်သည်။
ခုတလော စိတ်အခြေအနေအရ အပုတ်ရောင်များကိုသဘောကျနေသည်။
နီညိုပုတ်နေသည့်နှုတ်ခမ်းနီကိုဆိုးပြီး လက်သည်းဆေးနီကိုလည်း နီညိုပုတ်ရောင်ကိုဆိုးလိုက်သည်။
စိတ်တိုင်းကြသည်အထိ ပြင်ဆင်ပြီးသောအခါမှ မှန်ရှေ့မှ ခွာကာ ချိန်းထားသည့်နေရာကို သွားဖို့ပြင်လိုက်သည် ။

တံခါးနားတွင် စောင့်နေသော ဘောဒီဂတ်တစ်ဦးက မေဘရဏီထူးထွက်လာသည်နှင့် ဦးထင်အောင်ထူးဆီ ချက်ချင်းသတင်းပို့လိုက်သည်။

ဦးထင်အောင်ထူးက အောက်ထပ်တွင်နေသည်ဖြစ်၍ သမီးဖြစ်သူအခန်းထဲကထွက်လာသည်ဆိုသည်နှင့် အမြန်ပင် အောက်ထပ်ဆိုဖာပေါ်မှစောင့်နေလိုက်သည်။
အခန်းထဲကမထွက်တာ 2ပတ်ခန့်ရှိနေပြီဖြစ်ပြီး ဒီနေ့မှ အခန်းထဲက ထွက်လာသောကြောင့် ဘာကြောင့်မှန်းမသိပေမယ့် ဦးထင်အောင်ထူး ဝမ်းသာနေမိသည်။
ဒီတစ်ပတ်အတွင်း သူအတော်လေးဂရက်ရိုက်ခဲ့ရသည်။
ဘယ်ကဘယ်လို သတင်းရသွားလဲမသိသည့် သူ့လုပ်ထားသည့်ကိစ္စများအတွက် တရားရုံးကဆင့်ခေါ်တာခံထားရသည်။

ရှိရှိသမျှ အပေါက်တွေမှန်သမျှကို ငွေတွေနှင့်အတင်းထိုးပိတ် ရှေ့နေတွေသုံးသော်လည်း ဒီတစ်ခေါက်က နောက်မှာ သူ့ထက်ပိုကြီးသည့်အကောင်ရှိနေပုံရသည်။
သိပ်အရာမဝင်ပေ။
ရက်ချိန်းနောက်ဆုတ်ပေးသည်ကလွဲရင် နဲနဲလေးတောင်လျှော်ထားလို့မရ။
အယူခံဝင်ခွှင့်ကိုလည်း ပယ်ပယ်ချနေသည်။
သက်သေအထောက်အထားကလည်းအရမ်းခိုင်လုံသဖြင့် ဦးထင်အောင်ထူးအတွက် ရွေးစရာလမ်းကသိပ်မရှိ။ထွက်‌ပြေးပြီး ရာဇဝတ်သားအဖြစ်ခံယူမလား ထောင်ထဲဝင်မလား တစ်လမ်းပဲရှိသည်။

ဒီကြားထဲ သမီးဖြစ်သူကြောင့် လူက‌ပူလောင်နေရသည်။
ထိုအခိုက် အပေါ်ထပ်မှ တဖြည်းဖြည်းချင်းဆင်းလာသော သမီးဆီအကြည့်ရောက်သွားရာ တစ်ကိုယ်လုံးနက်ဆွေးနေပြီး အကြည့်တွေကအစ နတ်ဆိုးတစ်ကောင်လို ခက်ထန်နေသည်ကိုတွေ့လိုက်ရသည်။
သမီးဘာတွေများလုပ်ဦးမလို့လဲဆိုတာ သူခန့်မှန်း၍ မရပေမယ့် ခံစားမိနေ့သည့်အငွေ့အသက်များက သိပ်မကောင်းချင်ပေ။
အပုတ်ရောင်ကိုဝတ်ထားသည့် ပျက်ဆီးခြင်းနမိတ်အတိုင်း တစ်ခုခုမကောင်းတာ ကြီးကြီးမားမားဖြစ်တော့မည်ဟု ခံစားနေရသည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now