Episode 43✨🍁

33.9K 2.5K 266
                                    

At 8:30AM

ကုဋေလေဆိပ်ကိုရောက်ရောက်ချင်း ကားကို ဖြစ်သလိုအမြန်ရပ်ပြီး သားကိုပွေ့ချီကာ လေဆိပ်တွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် အမြန်လျှောက်ဝင်လိုက်သည်။

လေဆိပ်ဝန်းထဲအတွင်း နက်မှောင်စူးရှနေသော မျက်ဝန်းတစ်စုံဟာ သူ့အသေး‌လုံးလေးကိုရှာနေမိသလို အပြာရောင်မျက်ဝန်းစိုစိုလေးဟာ‌လည်း သူ့ဒယ်ဒီအတိုင်း ဟိုဟိုဒီဒီ လိုက်ရှာနေမိသည်။

ထိုအခိုက် ခပ်ဝေးဝေးတစ်နေရာမှ ခုံတန်းလေးပေါ်တွင် ကျောပေးကာထိုင်နေသော ဖြူလွှလွှကျောပြင်ငယ်လေးကိုတွေ့လိုက်ရသည့်အခိုက် အလိုလိုအချက်ပြလာသော နှလုံးခုန်သံနှင့်အတူ ကုဋေ စိတ်တွေလှုပ်ရှားလာရသည်။

“ဒယ်ဒီ... ပါးပါး...”
ဧကလေး လက်ညှိုးလေးဖြင့် ပါးပါးရှိရာဘက်ကို ထိုးပြရင်းပြောလိုက်သည်။
ဖအေနည်းတူ သူ့ပါးပါးကို ဘယ်လိုရှူ့ထောင့်မျိုးကနေမဆို မှတ်မိနေသည့်
မင်းမြတ်ဧကဦးမာန်လေးပင်။

“အွန်း..ဒယ်ဒီတို့ပါးပါးကို အိမ်ပြန်ခေါ်သွားကြစို့...”

“ဝုတ် ဒယ်ဒီ ပန်ထော်စို့...”

ထို့နောက် ထိုကျောပြင်ငယ်လေးရှိရာသို့ ‌သွားလိုက်ရာ တတွတ်တွတ်ရေရွတ်ရင်း တသိမ့်သိမ့်ငိုနေသော ကောင်ငယ်လေးကိုတွေ့လိုက်ရသည်။

ကုဋေ အိတ်ထောင်ထဲမှ မာမီအမြဲတမ်းထည့်ပေးထားတက်သည့် လက်ကိုင်ပဝါလေးကို ထုတ်လိုက်သည်။
အမြဲတမ်းလက်ကိုင်ပဝါလေးတွေ၏ ပိုင်ရှင်က ကုဋေ့အတွက်တော့ တစ်မိုးအောက်က နှစ်ယောက်မရှိနိုင်သည့် ကိုယ့်အချစ်လေး ပုန်းညက်ဦးညို တစ်ယောက်ထဲအတွက်ပင်။

“ကျစ် တစ်ဆိတ်ရှိဆို မျက်ရည်ကကျလာပြန်ပြီး မကုန်နိုင်ပါလား... ”
ဦးညို ပတ်ဝန်းကျင်ကို သတိမထားမိပဲ တစ်ကိုယ်ထဲရေရွတ်နေခိုက် ပုခုံးအနီးသို့ လက်ကိုင်ပဝါလေးတစ်ထည် ကျရောက်လာသည်။

“ကျေးဇူးပါဗျ...”
ဦးညို လက်ကိုင်ပဝါလေးကိုယူပြီး မော့ကြည့်ခိုက်

“ဟင် ကိုကို....”
ဦးညို၏ မျက်ရည်လေးတွေဖြင့် ရစ်သိုင်းနေသော မျက်ဝန်းပြာလေးများသည်အံ့ဩဝမ်းသာစိတ်ဖြင့် ဝိုင်းစက်ကုန်သည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now