Episode 32✨🍁🌚

39.2K 2.7K 360
                                    

Warning 🌚

ကုဋေ ဝိုင်ခွက်ထဲမှ ဝိုင်ကိုသောက်ရင်း တစ်ခွက်၊နှစ်ခွက်တိတိကုန်သွားသောအခါတွင်
ကုဋေ တစ်ကိုယ်လုံး ပူလာသလိုခံစားလာရသည်။ခန္ဓာကိုယ်တစ်ခုလုံးအသွေးအသားထဲမှ တစ်ခုခုကိုလိုချင်တောင်းတနေသလိုခံစားရသည်။
တဖြည်းဖြည်းအသွေးအသားတွေပါဆူပွက်လာသလိုခံစားရပြီး သူထိန်းချုပ်မရတော့။
ဘေးက ဦးညိုလေးကိုကြည့်လိုက်တော့လည်း သားသားကို ဂရုတစိုက်မုန့်ကြွေးနေသည်။

ဦးညိုလေးကို ကြည့်လိုက်တုန်းခဏ ထိုခံစားချက်များအားလုံးကို ထိန်းချုပ်နိုင်သလိုခံစားရပေမယ့် အကြည့်ချင်းစုံခိုက် ပြုံးပြလာသောမျက်ဝန်းပြာလေးများကို မြင်ခိုက် စိတ်အစုံကလွတ်ထွက်သွားတော့မလိုဖြစ်သွားသည်။
ကုဋေ လက်သီးကိုတင်းတင်းစုပ်ထားရင်း သူဆေးမိနေပြီဆိုတာ နားလည်လိုက်သည်။
*ဘယ်သူကသူ့ကိုဆေးခပ်ရဲရတာလဲ...
မင်းမြတ်ကုဋေဟန်ကို ခုလိုအကောက်ကြံယုံနှင့် သူတို့ဖြစ်ချင်ရာဖြစ်သွားမည်ဆိုရင်
မင်းမြတ်ကုဋေဟန်လုပ်မနေတော့..*

ဝုန်းကနဲ ထရပ်လိုက်မှုနှင့်အတူ ကုဋေ လက်သီးကိုတင်းတင်းဆုပ်ပြီး ကားရှိရာသို့အမြန်သွားလိုက်သည်။

ဦးညို ရုတ်တရက် မျက်နှာကြီးနီနေပြီး တစ်ခုခုကိုကြိတ်မှိတ်ခံစားနေပုံရသော ကိုကိုကြောင့်  စိတ်ပူသွားရသည်။
သားကိုချီပြီး အမြန်နောက်မှလိုက်သွားဖို့ပြင်လိုက်သည် ။

ကုဋေထွက်သွားသည်နှင့်တစ်ပြိုင်နက် ထိုအခွှင့်‌အရေးကို စောင့်နေသည့် မေဘရဏီထူးလည်း မိမိအကြံအစည်အောင်မြင်ပြီဟုတွေး၍ ကျေနပ်အားရစွာပြုံးပြီး ထလိုက်ဖို့ပြင်လိုက်သည်။

ထိုအခိုက်မှာပဲ တစ်ချိန်လုံး မေဘရဏီထူးကို မသင်္ကာသဖြင့် စောင့်ကြည့်နေသော အသက်သည် အချိန်ကိုက်ပဲ ကြမ်းတိုက်ထားသည့် မဲညစ်နေသည့်ရေတွေထည့်ထားသည့် ပုံကိုမကာ အားရပါးရဝင်တိုက်ပစ်လိုက်သည်။
သူဒီအခွှင့်အရေးကိုစောင့်နေတာပင်။
မေဘရဏီထူး လင်းမိုရှိရာဝိုင်းသွားတာရော လင်းမိုထထွက်သွားတာရော ဘယ်သူမှမမြင်ဘူးထင်ပြီး Bossသောက်မည့်ဝိုင်ထဲ ဆေးခပ်လိုက်တာရောအကုန် အသက်မြင်သည်။Bossဆေးမိရင်တောင် မေဘရဏီထူးမျှော်လင့်သလိုမဟုတ်ပဲ သူကလေးနဲ့ပဲဖြစ်စေရမည်ဟု စိတ်ထဲမှ ဆုံးဖြတ်ထားရင်း ‌ထိုရေပုံကို အနားအသင့်ထားကာ စောင့်နေခြင်းဖြစ်သည်။
*ရာရာစစ သူ့ကလေးနေရာကိုများ အရှက်မရှိလုချင်ရတယ်လို့...မှတ်လောက်သားလောက်အောင်ပညာပြလိုက်လို့ ကြောက်ပါပြီ အသက်ရဲ့ဖြစ်သွားမယ် ဘာမှတ်နေ...*
စိတ်ထဲကသာ ထိုသို့ကြုံးဝါးနေပေမယ့် အပြင်မှာတော့ မျက်နှာငယ်လေးဖြင့် ရပ်နေလိုက်သည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now