Episode 18✨🍁

37.1K 3.1K 173
                                    

ဦးညို ကိုကိုလာခေါ်မည်ဆိုသောကြောင့် မနက်စောစောထ၍ သေချာပြင်ဆင်နေမိသည်။
ဒီနေ့က ကိုကို သူ့ကိုဖွှင်ပြောပြီးနောက် ၂ရက်မြောက်နေ့ပင်မဟုတ်ပါလား။
ကိုယ့်ကိုဘယ်အတိုင်းအတာထိအလေးထားသလဲဆိုတာ သိလိုက်ရပြီး‌သည်နောက် ဦးညိုရဲ့နေ့ရက်တိုင်းဟာ ကြည်နူးချမ်းမြေ့ဖွယ်ပင်။
တစ်စုံတစ်ယောက်က မိမိကိုအလေးထားချစ်ပေး ဂရုစိုက်ပေးသည်ဆိုတာ အဘယ်မျှတောင် ခံစားလို့ကောင်းသည်လည်းဆိုတာ ဦးညိုသိလိုက်ရပြီဖြစ်သည်။
ဖေဖေနှင့်သားသား‌လေးကိုဆုံးရှုံးလိုက်ရပြီးသည့်နောက်ပိုင်း ဦးညိုဘဝထဲတွင် မေမေလေးနှင့်မမတို့နှစ်ဦးတည်းသာ ရှိတော့သည်ဟုထင်ထားခဲ့သော်လည်း ခုတော့ ကိုကိုနှင့်ဧကလေးက သူ့ဘဝထဲသို့ဝင်ရောက်ခဲ့လေပြီ။
ကိုကိုပြောသလို တံခါးခေါက်တာရော တွန်းဖွှင့်တာရော ဝင်လာတာရောက ပိုင်ရှင်ခွှင့်မပြုလျှင် မရဘူးဆိုတာ ကိုကိုသိအောင် တစ်နေ့နေ့တော့ ဦးညိုပြောပြဦးမည်။
လိုလိုချင်ချင်ကြိုဆိုခဲ့တဲ့ မေတ္တာတွေဟာ ပိုပြီးနွေးထွေးပါကြောင်း‌ ကိုကိုသိအောင် ပြောပြမည်။

ကုဋေ ဒီနေ့ ဦးညိုလေးကို သွားကြိုမည်ဖြစ်သောကြောင့် စောစောထား၍ ဘေးမှာအပူအပင်းကင်းကင်းနှင့်ကားယားလေးအိပ်ပျော်နေသော ဧကလေးကို ကြည့်ရင်း ပြုံးလိုက်ကာ ပါးဖောင်းဖောင်းလေးကို တစ်ချက်နမ်းပြီး ရေချိုးခန်းထဲဝင်လာလိုက်သည်။
ဒီနေ့တော့ သားကို မာမီနဲ့ပဲထားခဲ့လိုက်မည်ဟုတွေးထားလိုက်သည်။အဆိုးလေးလိုက်လာရင် ကိုယ့်ဦးညိုလေးအနားပဲကပ်နေပြီး ကိုယ့်ဦးညိုလေးက အဲ့အဆိုးလေးပဲအချိန်ပေးအရေးယူပြီး ကိုယ့်ကိုပလစ်လိမ့်မည်။
မင်းမြတ်ကုဋေဟန်အဖြစ်က ကိုယ့်ချစ်ရသူကို သားနှင့်အပြိုင်လုနေရသည့်အဖြစ်ပေ။

Suit ကိုသေချာဝတ်ဆင်လိုက်ပြီး နက်ကတိုင်ကိုပါသေချာတပ်လိုက်သည်။
မှန်ရှေ့တွင် အောက်ကshirtအဖြူရောင်အပေါ်မှ ထပ်ဝတ်ထားသော မီးခိုးရောင်suitကိုထပ်ဝတ်ထားပြီး အောက်မှမီးခိုးရောင်pantကိုဝတ်ထားသည့် မိမိပုံစံကိုသေချာပြန်ကြည့်လိုက်သည်။
နက်မှောင်စူးရှနေသော မျက်ဆံနက်များဟာဆိုရင် တစ်ဖက်လူ၏ အရာရာကိုထိုးဖောက်နိုင်သည့်အနေအထားတွင်ရှိသည့်အပြင်
ဆံနွယ်ခပ်ညိုညိုမှိုင်းမှိုင်းကို အနှောက်သို့လှန်ဖီးထားပုံမှာလည်း ရင့်ကျက်တည်ကြည်သည့်အသွင်သဏ္ဍာန်ကိုဆောင်နေသည်။
စိတ်ကျေနပ်လောက်သည်အထိ ကိုယ့်ကိုကိုယ် စူးစိုက်ကြည့်ပြီးမှ ကုဋေ အိပ်ယာပေါ်က သားလေးကို တစ်ချက်ကြည့်ကာ ထွက်လာလိုက်သည်။
ဦးတည်ချက်များကတော့ အချစ်ရှိရာအရပ်ပင်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now