တိတ်ဆိတ်ငြိမ်သက်သော ညသန်းခေါင်ယံအချိန်၌ အပြာရောင်လွင်လွင်အခန်းလေးအတွင်း နွေးထွေးကျယ်ပြန့်လှသော ရင်ခွင်ကျယ်အတွင်း၌ အိပ်ပျော်နေသော အသေးလုံးလေးနှစ်လုံးအနက်မှ ဗိုက်ပူအသေးလုံးလေးသည် တဖြည်းဖြည်း လှုပ်လှုပ်ရွရွဖြစ်ပြီးနိုးလာသည်။
ဦးညို ဗိုက်ထဲမှ ဗိုက်နာတာလိုလို အိမ်သာတက်ချင်လိုလိုဖြစ်လာသောကြောင့် ဖက်တွယ်ထားသော ကိုကို့လက်ကိုအသာဖယ်လိုက်၍ ထိုင်ဖို့ကြိုးစားလိုက်သည်။
ထိုအခါမှ ပိုဆိုးစွာ ဗိုက်ထဲက ထိုးအောင့်လာသည်။အသံထွက်မငြီးငြူမိစေရန် စောင်လုံးကိုဆုပ်ကာ သက်သာမလားဟူ၍ တင်းခံနေမိသေးသည်။
သို့သော် ပိုပိုဆိုးလာသောကြောင့် ချွေးသီးများပင်ပြန်လာရသည်။ကုဋေ ရင်ခွင်တွင်းမှ လှုပ်ရွရွလေးကြောင့် နိုးလာရာ ထထိုင်ပြီး ချွေးတွေပြန်သော အသဲညှာလေးကြောင့် စိုးရိမ်စိတ်ဖြင့် အမြန်ထိုင်ပြီး မေးလိုက်သည်။
“ကိုယ့်အချစ်...ဘာဖြစ်လို့လဲ...ဗိုက်နာလို့လား...ဟင်...”
ကုဋေ ဦးညိုလေး၏ ပုခုံးလေးကို နောက်မှ ထိန်းကိုင်ရင်း ပြောလိုက်သည်။ထိုအခါမှ
“ဟုတ် ကိုကို...အ ..ဗိုက်ထဲက ထိုးနာလာတယ်...မွေးချင်နေပြီလားမသိဘူး...အာ့...”“ဟင်...မွေး မွေးချင်နေပြီလား...ခဏ ကိုယ် ကိုယ်....”
ကုဋေ တုန်တုန်လှုပ်လှုပ်ဖြင့် ကုတင်းပေါ်ကဆင်းပြီး ဘာယူလို့ယူရမှန်းမသိဖြစ်သွားသည်။စိတ်အရမ်းလှုပ်ရှားနေသောကြောင့် ကုဋေ အယောင်ယောင်အမှားမှားနှင့် ဘီဒိုတွေဖွှင့်ပြီး အဝတ်တွေထည့်နေမိသည်။ဦးညို နာရသည့်ကြားထဲ ကိုကို့အမူအရာကြောင့် ရယ်ချင်လာရသည်။
*ကိုကိုကတော့တကယ်ပါပဲ...*“ကိုကို...အကုန်ထည့်ပြီးသားခြင်းက ကုတင်ဘေးမှာလေ...”
အရေးအကြောင်းဆို အသင့်ဖြစ်အောင် အရင်နေ့ကတည်းက ကြိုပြင်ဆင်ထားသော ခြင်းလေးကို ဦးညိုမေးငေါ့ပြလိုက်သည် ။“ဟင်...ဟုတ်သား...ဆောဒီး...ကိုယ်စိတ်လှုပ်ရှားသွားလို့....”
ထို့နောက် ကုဋေ ခြင်းကို ကောက်ယူလိုက်သည်။
မဟုတ်သေး ဦးညိုကိုချီဆင်းသည့်အချိန်ကျရင် ခြင်းကြီးက ရှုပ်လာနိုင်သည်။
ထို့ကြောင့် ကုဋေ ခြင်းကိုပြန်ချလိုက်ပြန်သည်။