ဦးညို လင်းမို၏လက်ထဲတွင် ဖျော့တော့စွာ မေ့မြောနေသော သားလေးကိုကြည့်ရင်း မျက်ရည်တွေကထိန်းမရ။
ဒါတွေအကုန်လုံးက သူ့ကြောင့်ပဲဖြစ်လာရတာ ဖြစ်သည်။သူ့ကြောင့်ပဲ။
သားလေးနိုးလာရင် သူသားလေးကို ဘယ်လိုမျက်နှာပြရမလဲဆိုတာမသိ။
ကိုကိုကလည်း သူ့ကိုမုန်းနေတာသေချာနေပြီ။
ဦးညို ဘဝကြီးက တကယ်ပင် လမ်းပျောက်သည်ထက် လမ်းမရှိတော့တာဖြစ်သည်။
ဘာလို့ သူ့မှလဲ။ဘာလို့သူ့မှဒီအကြောင်းအရာတွေက ဖြစ်လာရတာလဲ။
ဘာလို့ သူ့ကိုမှ ကံတရားက နည်းနည်းလေးတောင်မျက်နှာသာမပေးရတာလဲ။
ဘယ်ဘဝကဝဋ်ကြွေးတွေလဲ။
ဘယ်ဘဝကအကုသိုလ်တွေလဲ။
ဘာလို့ ဘာလို့ သူမှလဲဆိုတာ တကယ်ကိုနာနာကျင်ကျင်နားမလည်နိုင်တော့။ရှိုက်သံမထွက် ကိုယ်တစ်ချက်မတုန်ပဲ အမြဲတမ်းအပြာရောင်မျက်ဝန်းတောက်တောက်လေးတွေဟာ ရဲသည့်ဘက်ကိုကူးပြောင်းနေပြီး တွေတွေလေးစိုက်ကြည့်ကာ မျက်ရည်တွေကျနေသော ပုန်းညက်ဦးညိုကို ကြည့်ပြီး လင်းမိုစိတ်ထဲလဲမသက်သာပေ။
Bossက စိတ်ထဲပါလို့ပြောလိုက်တာမဟုတ်သည့်အကြောင်းကို ပုန်းညက်ဦးညိုနားလည်ကောင်းပါရဲ့။
ဘယ်လိုနှစ်သိမ့်ပေးရမှန်း လင်းမိုလည်း မကြံတက်သဖြင့် ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်သည်။အနီးစပ်ဆုံး KAMARဆေးရုံကို ရောက်လာပြီးနောက် လင်းမို ကလေးကို ပွေ့ပြီး ဆေးရုံထဲအမြန်ဝင်လိုက်သည်။
ဦးညို ကလေးကိုပွေ့ပြီး ရှေ့ကဝင်သွားသော လင်းမိုနောက် မျက်ရည်များနှင့်ပင် အသက်မရှိသူပမာလိုက်သွားမိသည်။
VVIP Roomထဲထိတစ်ခါထဲ တန်းသွားပြီး တစ်ဆေးရုံလုံးမှ ဆရာဝန်များအားလုံးကို အချက်ပေးခေါ်လိုက်သည်။
“လူနာကလွဲရင် အားလုံးအပြင်ထွက်ပေးပါဗျ....”
အလျှိုအလျှိုနှင့်ရောက်လာသော ဆရာဝန်များဟာ ကလေးကိုအမြန်စမ်းသပ်လိုက်ပြီး
သွေးပေါင်ချိန်တိုင်း မျက်လုံးထဲဖြဲကြည့်ကာ
အမြန်ပင် စက်နှင့်ချိတ်လိုက်သည်။
သူငယ်အိမ်အထက်ကိုလန်ချင်နေပြီး နှလုံးခုန်နှုန်းမှာလည်းတိုးလွန်းနေသည့်အတွက် စက်နှင့်အမြန်ထိန်းညှိပြီးတင်ဖို့လုပ်လိုက်သည်။