Episode 35✨🍁

29.6K 2.4K 200
                                    

ကုဋေတို့ မင်္ဂလာကိစ္စကို တစ်လအတွင်းစီစဉ်လိုက်ပြီး ဦးညိုဆန္ဒအတိုင်း ဆွမ်းကပ်လေးနှင့် အကျဉ်းချုံးလုပ်ဖို့သဘောတူညီလိုက်ကြသည်။
ကုဋေမာမီတို့ သဘောအတိုင်းဆို အကြီးအကျယ်လုပ်ချင်သော်လည်း
လူသားနှစ်ယောက်ပေါင်းဖက်သည့်ကိစ္စတွင် ပကာသနတွေထက် ချစ်ခြင်းမေတ္တာတွေပါဖို့သာအရေးကြီးသောကြောင့် ဦးညိုလေးဆန္ဒကိုသာ ဦးစားပေး ဆုံးဖြတ်ခဲ့ကြသည်။

ကုဋေ ကတော့ ဘာပြောပြော
ကိုယ့်အချစ်သဘော ၊ကိုယ့်အချစ်ကြိုက်တာလုပ်၊ကိုယ့်အချစ်လေးဆန္ဒတိုင်းပဲကလွဲရင် တခြားဟာမပြောသည့်အတွက်
ဒေါ်မြခတ်မှာ အူယားနေမိသည်။

မိဘနဲ့ဆိုရင်တော့ သူကြိုက်တာလုပ်၊
သူဖြစ်ချင်တာရအောင်ယူ၊သူ့သဘောအတိုင်းလုပ်တက်သည့်သားက
အမျိုးသားနှင့်တွေ့မှ ခုလိုဖြစ်သွားတော့သည်။
အမြဲတမ်းပြောလာသည့်
*ကိုယ်မိန်းကလေးဆိုရင် မာမီကလွဲပြီး ချစ်လို့မရဘူး* ဟုပြောသည့်စကားကို
သမက်ချောချောလေးဖြင့် သက်သေပြသွားသည်မှာလည်း အမှန်တကယ်ပင်ဖြစ်သည်။

သူမတို့သမက်လေးကလည်း သားချစ်တာလည်းမပြောနှင့် ဒေါ်မြခတ်တောင် မြင်မြင်ချင်း ချစ်မိသည့်အထိပဲဖြစ်သည်။
သူ့ပါးပါးကိုထိရင် သူ့ဒယ်ဒီတောင်မရသည့်
မင်းမြတ်ဧကဦးမာန်လေး၏ အချစ်တော်လေးလည်း ဖြစ်သည်။

ဒေါ်မြခတ်အနေဖြင့် သားကုဋေရယ် သမက်လေးရယ် မြေးလေးရယ်ကို ဘဝသံသရာတွင် ပျော်ရွှင်ကြည်နူးချမ်းမြေ့စွာဖြင့် ကုန်ဆုံးသွားစေချင်မိသည်။

ချစ်ခြင်းမေတ္တာကို ဒေါ်မြခတ်ကတော့ ပန်းလေးတစ်ပွင့်နှင့်တင်စားချင်သည်။
ထိုပန်းပွင့်လေးကတော့ ကံကော်ပန်းပွင့်လေးပင်။
မတည်မြဲသောလောကကြီးထဲမှာ
တစ်စုံတစ်ယောက်အတွက်
တည်မြဲသည့်အချစ်တွေဖြင့် ပုံဖော်ထားသည့် ကံကော်ပန်းပွင့်လေး၏
အဓိပ္ပာယ်လေးလို ထာဝရအချစ်တွေ
တည်တံ့နေစေချင်မိသည်ပင်။

****************
GADAYကုမ္ပဏီ၏နှစ်ပတ်လည်ပွဲပြီးသည့်နောက်တွင်တော့ အနိုင်ရရှိသည့် ဦးညိုတို့အဖွဲ့က GADAYကုမ္ပဏီသို့ ပြောင်းရွှေ့ခဲ့ရသည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now