Episode 15✨🍁

40.6K 3.4K 358
                                    

ဧကလေး ပါးပါးလည်ပင်းကို ပိုတိုးဖက်လိုက်ပြီး ရှေ့မှလူဆိူးမကြီးကို မျက်မှောင်ကျုံ့ကြည့်လိုက်ရင်း
“ပါးပါး တောက်ရဲ့ ဧတယေးရှိရယ်..တာတွယ်ပေးရယ်...”

‌ဦးညို ဧကလေးစကားကြောင့် ပြုံးလိုက်ရင်း ရှေ့မှ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။

“ဟင်းးးခုခေတ်ကြီးထဲမှာ ယောင်္ကျားလေးလေးတွေကလဲ ရုပ်ကလေးဗန်းပြပြီး ချူစားချင်တာကြတာပဲနော်....ပုံစံကိုကနုနုဖက်ဖက်နဲ့... အင်းပေါ့လေ...ဒီလိုအလုပ်မျိုးကလွဲရင်လုပ်မှမလုပ်တက်ကြတာ....”
မေဘရဏီထူး သူ့ရှေ့မှာ ဦးညိုကိုကြည့်ရင်းပြောလိုက်သည်။သူမ တကယ်ကိုအမြင်ကပ်မိသည်။
မနာလိုစရာကောင်းအောင်ကို
မျက်ဝန်းပြာ‌ ဆံပင်ကောက်ကောက်လေးတွေနှင့် ဖွေးဥနေသော အသားအရေဖြင့်
*ယောင်္ကျားလေး‌တစ်ယောက်က ဒီလောက်နုဖက်နေဖို့လိုလို့လား....စိတ်ပျက်စရာကောင်းလိုက်တာ....*
ထိုစကားများကိုတော့ ဘရဏီ စိတ်ထဲမှပြောလိုက်သည် ။သူမ၏ မနာလိုစိတ်များကိုတခြားသူများမသိစေချင်ပါ။

ဦးညို ထိုအမျိုးသမီး၏စကားများကို လျစ်လျူရှူပြီး သားသားလေးကိုချီကာ လှည့်ထွက်မည်အပြု နောက်ပါးမှ အသံထပ်ထွက်လာသည်။

“ကလေးကိုအကြောင်းပြပြီး အချောင်ခိုချင်တဲ့လူတွေကလည်းအများသားနော်...သူများပိုက်ဆံယူထားရင်အလုပ်ကိုကျေပွန်အောင်လုပ်ရမယ်ဆိုတာ တကယ်ပဲနားမလည်တာလား... ကလေးချီထားခိုင်းပြီးချော့မြူခိုင်းဖို့ ကုမ္ပဏီကပိုက်ဆံပေးထားတယ်များထင်နေကြတာလား...အချောင်သမားတွေ...”

ဦးညို ထိုအမျိုးသမီးကို စိတ်ပျက်စရာကောင်းသည့်အကြည့်နှင့်ကြည့်လိုက်သည်။ကိုယ့်အထက်လူကြီးတစ်ဦးဦးဖြစ်လိမ့်မည်ထင်သောကြောင့် ဘာစကားမှပြန်ချေမပပဲနေနေတာကို အကောင်းထင်နေလားမသိ။
ချူစားတယ်ဆိုတဲ့စကားက ကိုယ်နှင့်မသက်ဆိုင်သောကြောင့် သူ့ဘာသာသေလောက်အောင်ပြောနေဦး အရေးမလုပ်ပဲကျော်သွားမည်ဖြစ်သော်လည်း ကလေးအကြောင်းပြအချောင်ခိုသည်ဆိုသည့်စကားကိုတော့ ဦးညိုတကယ်သည်းမခံနိုင်ပေ။
ဦးညို ထိုအမျိုးသမီးစကားကို ပြန်ချေပမည်အပြု...

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now