Episode 12✨🍁

40K 3.5K 101
                                    

"သား...ဦးညိုလေး..အင်တာဗျူးဖြေတာအဆင်ပြေခဲ့လား..."
ဒေါ်သဇင်မြင့် ဦးညိုပန်းကန်ထဲဟင်းတွေခပ်ထည့်ပေးရင်းမေးလိုက်သည်။

"ဟုတ်..ပြေပါတယ်မေမေလေး...နောက်တစ်ပတ်နေရင် ရလာဒ်ကြေငြာမယ်လို့ ပြောပါတယ်ဗျ ...."
ဦးညို မေမေလေးထည့်ပေးတဲ့ ဟင်းတွေကို ငုံ့စားရင်းဖြေလိုက်သည်။
ဒီနှစ်ပိုင်း သူနှင့်မေမေလေး၏ဆက်ဆံရေးတွင် များစွာရင်းနှီးနွေးထွေးလာသောကြောင့် ဦးညိုပျော်ပါသည်။ဒါဦးညို အမှန်တကယ်လိုချင်နေသည့်အရာပင် မဟုတ်ပါလား။ခေါက်ရိုးကျိုးနေပြီဖြစ်သည့် အခေါ်အဝေါ်ကိုတော့ ဦးညိုပြင်မနေတော့ပေ။ရသင့်တာထက်ပိုလိုချင်နေ၍ မဖြစ်ဆိုတာ ဦးညိုနားလည်သည်။

"ဒါပေါ့မေမေရယ်... ဦးညိုလေးက တော်ပြီးသားပါ.. အင်တာဗျူးလည်း သေချာပေါက်ကိုအောင်မှာ.. သမီးရဲ့မောင်ငယ်လေးးက တော်ပြီသား....ဟင်းတွေထည့်စားလေ ဦးညိုလေးရဲ့ မကြိုက်ဘူးလား...စားမကောင်းဘူးလားဟင်..."
သဇင် ထမင်းသိပ်မစားသော မောင်ဖြစ်သူကိုကြည့်ပြီးပြောလိုက်သည်။
သဇင်ဦးညိုသည်လည်း မောင်ငယ်လေးပေါ် နာကျင်စေခဲ့သမျှ စိတ်ဒဏ်ရာတွေကို သူမရဲ့မေတ္တာတွေနှင့် နွေးထွေးစေသည်။ဖြစ်ပြီးခဲ့သမျှဟာ ပြန်ပြင်လို့မရနိုင်ပေမယ့် လက်ရှိနှင့်အနာဂတ်ကတော့ ပြင်လို့ရသည်မဟုတ်ပါလား။ထပ်ပြီး ဒီကောင်ငယ်လေး မနာကျင်ဖို့ ဝမ်းမနည်းရဖို့ သူတို့တက်နိုင်သလောက် ကြိုးစားရမည်။
ဖေဖေလည်း ခုလောက်ဆို တမလွန်ကနေ သူတို့သားအမိလေးကိုကြည့်ပြီး ပီတိဖြစ်နေလောက်ပါပြီဟု သဇင်မျှော်လင့်မိသည်။

ဒေါ်သဇင်မြင့် ရှေ့မှ မောင်ဖြစ်သူပေါ် အကဲပိုနေသော သမီးဖြစ်သူကိုကြည့်ရင်း ပြုံးလိုက်ကာ
*ကို..မြင့်ကို ကိုခွှင့်လွှတ်ပေးနိုင်လောက်ပြီလား....ဘယ်တုန်းကမှအပြစ်မတင်ခဲ့တဲ့ ကို့ဆီက ခွှင့်လွှတ်မှုကိုတောင်းခံတာက မြင့်အတ္တကြီးရာ ကျပေမယ့် မြင့်တကယ်ကို နောင်တတွေရမိပါတယ် ...ပြီးတော့ မြင့် ကို့ကိုသိပ်သတိတယ်....*
ဟူ၍ စိတ်ထဲကနေ ပြောလိုက်မိသည်။
......................................................

ကုဋေ လင်းမိုပို့လိုက်သည့် Mailကိုကြည့်နေရင်း နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးတက်သွားအောင်ပြုံးမိလိုက်သည်။တကယ် မျက်ဝန်းပြာလေးက သူ့ရဲ့အေးချမ်းရာလေးပင်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now