Episode 22✨🍁

32.9K 2.8K 113
                                    

“ဘယ်လိုလုပ်လိုက်တာလဲဗျ...မတော်လို့ကလေးကိုများ ခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ...ခင်ဗျားမှာ စဉ်းစားတက်တဲ့ဦးနှောက်မရှိဘူးလား...ကလေးကို ဘာဖြစ်လို့လုချီရတာလဲ...”
ခုချိန် ဦးညိုခေါင်းထဲ ရာထူး၊ရှယ်ယာရှင် ဘာညာလဲမရှိတော့ သူ့အတွေးထဲထိုအမျိုးသမီးကိုသာ မကျေနပ်သည်ပဲသိသည်။လက်သည်းဆိပ်တက်ပါက ဖျားနာသည်အထိပင်ဖြစ်နိုင်သည် မဟုတ်လား။
ဖြစ်ချင်ရာဖြစ်ဟု ဦးညိုတွေးထားလိုက်ပြီး သူ့ရှေ့မှ ထိုမိန်းမကို တည့်တည့်စိုက်ကြည့်ပေးလိုက်သည်။

‌“ဘာ...နင်လိုကောင်ကများ... ”
ဘရဏီ ဒေါသအလွန်ထွက်ပြီး ပါးကိုအားကုန်ရိုက်ချလိုက်သည်။

ဦးညို‌လဲ ဧကလေးကိုကာရင်း မျက်လုံးတွေကိုမှိတ်ချလိုက်သည်။
သူ့ပါးအရိုက်ခံရရင်တောင် ဧကလေးမထိဖို့ကအရေးကြီးသည်။
သို့သော် ရိုက်ချက်များက သူ့ဆီရောက်မ‌လာသဖြင့် မျက်လုံးဖွှင့်ကြည့်လိုက်ရာ

“ကိုကို...”

ဘရဏီလဲ အထိန့်တလန့်ဖြစ်သွားသည်။
သူ မင်းမြတ်ကုဋေဟန်ကို ရိုက်မိဖို့ လက်မတင်လေးပဲလိုတော့တာမဟုတ်လား။
သူ့လက်ကို မင်းမြတ်ကုဋေဟန်သာ ဖမ်းမထားလိုက်ပါက ခုချိန် သူ့ပါးကို ဘရဏီရိုက်မိနေလောက်ပြီဖြစ်သည်။

ကုဋေ သူ့ရှေ့ကမိန်းမကို စူးစိုက်ကြည်လိုက်သည်။အတန်တန်သတိပေးထားတာတောင် ထိုမိန်းမက သူ့အသဲညှာကို ကိုယ်ထိလက်ရောက်လုပ်ဖို့ ပြင်နေသည်မဟုတ်ပါလား။ထိုမိန်းမက
မင်းမြတ်ကုဋေဟန်ရဲ့ သည်းခံနိုင်သည့်စိတ်ကိုလာစွနေတာပင်။မာမီကလွဲရင် တလောကလုံးက အမျိုးသမီးများကို မျက်လုံးထဲတောင် ထည့်မထားသည့်အတွက် သူ့အနေနဲ့ ထိုမိန်းမကို သက်ညှာပေးလိမ့်မည်မဟုတ်။အကယ်၍ သူသာအချိန်မှီ ရောက်မလာခဲ့ပါက ထိုမိန်းမ၏လက်ဝါးရာက ဦးညိုလေး၏ ပါးပြင်နုနုပေါ်ရောက်နေလောက်ပြီဖြစ်သည်။
ကုဋေ သူ့လက်ထဲမှာ လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ထားတဲ့ ဘရဏီလက်ကို တဖြည်းဖြည်းချင်း ဖိဆုပ်လိုက်သည်။

“အာ့...ကိုကို..အ..နာတယ်လို့...လွှတ် လွှတ်ပါ...အဟင့်...”
ဘရဏီ ကိုကို့လက်ထဲမှ သူ့မလက်ကို အတင်းဆွဲကာ ရုန်းသော်လည်း လုံးဝမရ။
အကြည့်တွေကအစအေးစက် စူးရှနေပြီး ခုချက်ချင်းပင် ဘရဏီကို အမှုန့်ချေပစ်ချင်လောက်အောင်ထိ ပြင်းထင်သော မျက်လုံးများနှင့် သူရင်မဆိုင်ရဲ လက်ကိုအတင်းပြန်ရုန်းယူသည်။သူ့မလက်တွေလဲ နာကျင်လွန်းလို့ မျက်ရည်တွေပါကျနေပြီဖြစ်သည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now