Episode 33✨🍁

35.4K 2.6K 219
                                    

Warning 🌚 ပိစိပေးပါတယ် ဟိဟိ

အေးချမ်းလှပသာ‌ယာသောမနက်ခင်းလေးတစ်ခုတွင် စောင်ပုံလေးထဲမှ ရင်ခွင်ကျယ်တစ်ခုထဲရောက်နေသော အသေးလုံးလေးတစ်လုံးသည် တင်းကြပ်‌သောပွေ့ဖက်မှုလေးကြားတွင် လှုပ်လှုပ်ရွရွလေးဖြင့် နိုးလာရသည်။

တစ်ကိုယ်လုံးကို ပျောက်ထွက်သွားမည်ဆိုးသည့်အလား ပွေ့ဖက်ထားမှုအောက်တွင် အသေးလုံးလေးဟာ အသာအယာလှုပ်ရှားရင်း ရင်ခွင်ကျယ်၏ ပိုင်ရှင်ဖြစ်သူကို မော့ကြည့်လိုက်သည်။

နက်မှောင်စူးရှ‌ နေတက်သောမျက်ဆံနက်လေးများဟာ ပိတ်ကျနေပြီး မျက်တောင်တိုတိုစိပ်စိပ်လေးများဟာ ထူထူထဲထဲလေးဖြာကျနေသည်။ အမြဲ‌အပေါ်သို့သပ်ရပ်စွာလှန်တင်ထားတက်သော ဆံနွယ်များဟာလည်း နှဖူးပြေပြေပေါ် တစွန်းတစကျနေသည်။
ပိရိသေသပ်သောနှုတ်ခမ်းတစ်စုံကို အကြည့်ရောက်သွားခိုက် ဦးညို နှုတ်ခမ်းလေးတစ်စုံဟာ ကော့ညွှတ်ကွေးတက်သွားရပြီး မျက်ဝန်းပြာလေးတစ်စုံဟာလည်း လခြမ်းကွေးလေးသဖွယ် ဖြစ်သွားသည် ။

ဦးညို ကိုကို့ရင်ခွှင်ထဲမှ အသာအယာကြွရင်း ခန္ဓာကိုယ်ကိုအပေါ်သို့တိုးကာ ခေါင်းအုံးအစွန်းပေါ် လက်လေးထောက်ထားရင်း ချစ်ရသူ၏ ခန့်ညားချောမောသောမျက်နှာကို တစိမ့်စိမ့်ကြည့်နေလိုက်သည်။

ကုဋေ အသေးလုံးလေး လှုပ်လှုပ်ရွရွဖြစ်‌လာသည့်အချိန်မှစ၍ နိုးနေသော်လည်း ဘာဆက်လုပ်မလဲဆိုတာ သိချင်သောကြောင့် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
အတော်လေးကြာသည်အထိ ကိုယ့်ကိုမေးထောက်ပြီးကြည့်နေသော အသေးလုံးလေးကြောင့် ကုဋေစိတ်ထဲ မရိုးမရွတွေဖြစ်လာရသည်။

ထိုအခိုက်မှာပဲ နွေးကနဲဖြစ်သွားသော ခံစားမှု‌လေးနှင့်အတူ နူးညံ့ပြီးအိစက်သော နှုတ်ခမ်းလုံးလေး၏ အ‌ထိအတွေ့ကို နှဖူးပြင်ထက်တွင် ခံစားလိုက်ရသည်အခါ ကုဋေ ၏ စောင်စကိုကိုင်ထားသော လက်အစုံမှာ တုန်ယင်သွားရသည်။
*ဘယ်လိုလေးနမ်းလိုက်တာပါလိမ့်!!*

ဦးညို ကိုကို့ကိုကြည့်ရင်း ကြည့်ရင်း စိတ်မထိန်းနိုင်သဖြင့် နှဖူးပြင်ပြေ‌ပြေကို နှုတ်ခမ်းလေးကိုစုထော်၍ ထိသည်ဆိုယုံလေးနမ်းလိုက်မိသည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now