1

47.8K 2.2K 75
                                    

Unicode.

ဝမ်ရိပေါ်က အဝတ်အစားလဲခန်းထဲမှာ
ဝေ့ပေါ်သုံးနေတယ်။

Day Day Up ရိုက်ကူးရေးစဖို့ နာရီဝက်လောက်
လိုနေသေးတယ်။ မိတ်ကပ်လိမ်းပြီးသွားပြီဖြစ်တဲ့
ဝမ်ရိပေါ်က အခုချိန်မှာ ဘာမှလုပ်စရာမရှိမယ့်အတူတူ ပျင်းပျင်းနဲ့ သူ့နာမည်ကို ဝေ့ပေါ်မှာ ရှာကြည့်တယ်။

နောက်ပြီး Trendingဝင်နေတဲ့ Hot Search
အချို့ကိုရောပေါ့။ Hot Searchနှစ်ခုက ဝမ်ရိပေါ်
ရဲ့မျက်ဝန်းအစုံကို ကျယ်ဝန်းသွားစေခဲ့တယ်။

#ရှောင်းကျန့်ဆေးရုံသွား#

#ရှောင်းကျန့်ရဲ့လည်ပင်းပေါ်ကHickey#

အဲ့ဒီ Hot Searchနှစ်ခုကို မြင်လိုက်ရပြီး
နောက်မှာပဲ ဝမ်ရိပေါ် ရဲ့ မျက်ဝန်းတွေဟာ
မှောင်မိုက်သွားခဲ့တယ်။ သူ့ရဲ့ နှလုံးသားကို
တစ်ခုခုက ရိုက်ခတ်သွားသလို ခံစားလိုက်ရ
ပြီး သူအလန့်တကြားနဲ့ Topicထဲ ဝင်ကြည့်
လိုက်တယ်။ သူ့မျက်လုံးကို ဖမ်းစားသွားတာ
က လေဆိပ်မှာရိုက်ထားတဲ့ ရှောင်းကျန့်ရဲ့ပုံပဲ။

သူက အရာတစ်ခုခုကို ကုန်းပြီးရှာနေတဲ့ပုံပဲ။
ကော်လာရှည်ရှည်နဲ့ ဖုံးအုပ်ထားခံရတဲ့ သူ့ရဲ့
လည်တိုင်ဖြူဖြူက ကုန်းလိုက်တော့ ပေါ်လွင်
နေတယ်။ အဲ့ဒီမှာ သွားကိုက်ရာလို အရာလေး
လည်း တစ်စွန်းတစ်စ မြင်နေရတယ်။

ရှောင်းကျန့်ရဲ့ အဲ့ဒီပုံက လွန်ခဲ့တဲ့ တစ်လတုန်းပုံ
ဖြစ်နေခဲ့တယ်။ ဝမ်ရိပေါ်ဟာ လုံးဝကို ကြက်သေ
သေသွားပါတော့တယ်။

လွန်ခဲ့တဲ့တစ်လ,Produce 1O1 ရိုက်ကူးနေချိန်
တွေမှာ စီနီယာအနုပညာရှင်ကြယ်ပွင့် တစ်ချို့ကို
ဖိတ်ကြားခဲ့ပြီး ရှောင်းကျန့်ကလည်း ဖိတ်ခံရသူတွေ
ထဲကမှ တစ်ယောက် အပါအဝင်ဖြစ်ခဲ့တယ်။

ရိုက်ကူးရေးပြီးသွားတဲ့နေ့ရဲ့ညမှာ ဖျော်ရည်
ထဲကနေ ဝမ်ရိပေါ် ဆေးခတ်ခံခဲ့ရတယ်။

အဲ့ဒီမနက် သူနိုးလာတော့ ဟိုတယ်အခန်းက
ရှုပ်ပွနေခဲ့ပြီး pheromoneနံ့တွေဟာလည်း
မွှန်ထူနေခဲ့တယ်။ နောက်ပြီးတော့ သူနဲ့အိပ်ခဲ့တဲ့
လူကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now