17

10.9K 1.2K 52
                                    

Unicode.

ဝေ့ပေါ်မှာ ဘယ်တုန်းကမှ ဒီလောက်ကြီးအထိ
အုတ်အော်သောင်းနင်းမဖြစ်ဖူးဘူး။

၅နာရီ၂၀မှာ ဝမ်ရိပေါ် video တင်လိုက်တဲ့ အချိန်
က စပြီး weiboမှာ refresh လုပ်လို့ မရတော့ဘူး။

တစ်ချို့အကောင့်တွေဆို ဘာမှ နှိပ်မရတော့ဘဲ ရပ်
တောင်ရပ်ကုန်တယ်။ ရှောင်းကျန့်ရဲ့ repost တက်
လာတော့ ဝေ့ပေါ်က ဝင်လို့တောင်မရတော့ဘူး။

အဲ့ဒါက androidဖြစ်ဖြစ် ၊ iosဖြစ်ဖြစ် ဝေ့ပေါ်ထဲ
ဝင်လိုက်တာနဲ့ flash back ဖြစ်သွားတာချည်းပဲ။

ကံကောင်းတဲ့လူတစ်ချို့တစ်လေပဲ ဖွင့်လို့ရကြပါ
တယ်။ screen pageကြီးပါ ပိတ်သွားပြီး တော့
ထွက်မရ ၊ ပြုမရတွေပါ ဖြစ်ကုန်ပါတယ်။

sinaရဲ့ ပရိုဂရမ်မာတွေအကုန် စိတ်ဆင်းရဲနေရပါ
တယ်။ အခုက ညနေစာစားချိန်တောင်ရောက်နေပြီ။
ဝန်ထမ်းတွေ ရုံးဆင်းချိန်ရောက်နေပြီလေ။ အခုလို
ချိန်က အိမ်မှာနှပ်နေရမှာ မဟုတ်ဘူးလား။ ထိုင်ခုံမှာ
ဖင်ပူအောင် ထိုင်နေရမှာမှ မဟုတ်တာပဲလေ။ ရုံးက
အထက်လူကြီးတွေက ဝန်ထမ်းတွေကို ရုံးကိုပြန်လာ
ဖို့ လှမ်းခေါ်တယ်။ ဝန်ထမ်းတွေအကုန် သုတ်ခြေတင်
ပြီး ရုံးကို ပြန်ပြေးကြရတော့တာပဲ။ sinaက ဆယ်မိ
နစ်အတွင်းမှာဘဲ ပြန်ပြီး ပြင်နိုင်သွားပါတယ်။

အကုန်ပြန်မကောင်းသေးပေမယ့်လည်း ကံကောင်းစွာ
နဲ့ appထဲကိုတော့ ပြန်ဝင်လို့ ရသွားခဲ့ပါတယ်။ ဝေ့ပေါ်
ပွတ်နေတဲ့လူတွေလည်း ပြန်ပွတ်နိုင်သွားပါတယ်။ သူတို့
က ခုနကဖြစ်သွားတဲ့ အကြောင်းအရာ တစ်ချို့ကြောင့်
လှုပ်တောင် မလှုပ်နိုင်ကြတော့ဘူးရယ်။

ရှင်းဟိုက်ရဲ့ဆက်ခံသူ ၊ ၂၁နှစ်ပဲ ရှိသေးပေမယ့် အနု
ပညာလောကရဲ့ ရွှေမင်းသားလေးလို့ သမုတ် ခံရတဲ့
ဝမ်ရိပေါ်လေးရဲ့ လက်ထပ်သတင်းနဲ့ ပက်သက် ပြီး
တောင် လူတွေက အဆင်ပြေကြသေးတာမဟုတ်ဘူး။

သူက ရုတ်တရက်ကြီး သူ ကလေးအဖေ ဖြစ်ပြီ
ဆိုတဲ့အကြောင်းတောင် လာပြောနေနိုင်သေးတယ် !

ပြီးတော့ ဝမ်ရိပေါ် ရဲ့ ပါတနာက ရှောင်းကျန့်တဲ့။
videoထဲမှာ သူက ဒီလိုတောင် ပြောလိုက် သေး
တယ် : " နောက်လအနည်းငယ်အတွင်းမှာ ကျွန်
တော်တို့ ကလေးလေးကို မြင်ရပြီ "

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now