Final

13.9K 1K 40
                                    

Unicode.

ဒါက ရှောင်းကျန့်ကိုယ်တိုင်တောင်မသိတဲ့ အဖြေပါ။

မူလက သူနဲ့ဝမ်ရိပေါ်တို့ ဖျော်ဖြေရေးနယ်ပယ်ကနေ
ခဏရပ်နားမယ့်အကြောင်း ဆွေးနွေးခဲ့ကြတုန်းက သူ
တို့နှစ်ဦး စော်အော်နဲ့အတူ ရှိပေးနိုင်ဖို့လို့ ရှောင်းကျန့်
က တွေးခဲ့တာ။ ဒီအဖြစ်အပျက်တွေပြီးတော့ သူတို့ရဲ့
စိတ်ပိုင်းဆိုင်ရာတွေလည်း တည်ငြိမ်ဖို့လိုအပ်ပြီးတော့
လောလောဆယ် အလုပ်လုပ်ဖို့ စိတ်မပါသေးဘူးလေ။

ဒါပေမယ့် ဝမ်ရိပေါ် ရဲ့ နှလုံးသားထဲမှာ အဲ့ဒီအကြောင်း
အရာရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။ ရှောင်း
ကျန့်က ဖုန်းစခရင်ပေါ်က hot searchကိုကြည့်ရင်းနဲ့
သူန့ဖူးကို လက်နဲ့ အသာလေး အုပ်ထားလိုက်မိတယ်။

အား...ဝမ်ရိပေါ်

တကယ်တော့ ရှောင်းကျန့်က လက်ထပ်ပွဲအကြောင်း
ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ဘာလို့ဆို သူနဲ့ဝမ်ရိပေါ်
တို့က လိုအပ်တဲ့အရာတွေကို ပြီးမြောက်အောင်မြင်ဖို့
ပဲ အရှိန်မြှင့်လုပ်ဆောင်နေခဲ့ကြတာကြောင့် သာမန်စုံ
တွဲတွေလို လက်ထပ်ပွဲအကြောင်း စေ့စေ့ပေါက်ပေါက်
လည်း မတွေးမိခဲ့ကြဘူး။ ပြောရရင် သူတို့နှစ်ယောက်
က ချစ်လို့ယူခဲ့ကြတာလည်း မဟုတ်ခဲ့ကြဘူးလေ။

မတော်တဆမှုတစ်ခုကနေ အစပြုလို့ ဘဝနဲ့ပက်သက်
တဲ့ မုန်တိုင်းကြီးကို ကြုံတွေ့နေခဲ့ရတာမို့ ရှောင်းကျန့်မှာ
အဲ့ဒီအရာတွေကိုတွေးဖို့ နှလုံးသားလည်း မရှိခဲ့ပါဘူး။

အဲ့ဒါထက် နောက်ပိုင်းတွေမှာ သူနဲ့ဝမ်ရိပေါ်က အိမ်
ထောင်သက်ကြာပြီဖြစ်တဲ့လူတွေလို ဖြစ်သွားခဲ့ပြီးတော့
ဓလေ့ထုံးတမ်းလို အရာတွေကို မေ့လျော့သွားခဲ့ကြတာ။
ဒါပေမယ့် ဝမ်ရိပေါ်က မမေ့လျော့ဘူးဆိုတာတော့ သိသာ
ပါတယ်။ ရှောင်းကျန့်က သူ့ကို ကောင်းကောင်းသိတယ်။
သူ့အယ်လ်ဖာက စနစ်တကျ လုပ်ဆောင်တတ်သူပါ။ လေ
ဆိပ်လိုနေရာမျိုးမှာ လက်ထပ်ပွဲလုပ်ပြီး အကြွေးပြန်ဆပ်
မယ်လို့ ပြောကတည်းက သူက ဒီကိစ္စကို အနည်းဆုံးတော့
တစ်ဝက်လောက်ပြီးနေပြီလို့ ဆိုလိုလို့ရလောက်တယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now