23

10.4K 1.2K 40
                                    

Unicode.

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဝှီးလ်ချဲပေါ် ပွေ့တင်လိုက်ပြီး
ကော်ရစ်တာကနေတစ်ဆင့် မွေးကင်းစကလေးအထူး
ကြပ်မတ်ကုသဆောင်ရှိရာကို သူနာပြုဆရာမရဲ့နောက်
ကနေ ဖြည်းဖြည်းချင်းတွန်းရင်း လိုက်သွားခဲ့ပါတယ်။

ဒီနေ့နဲ့ဆို စော်အော့်ကို မွေးပြီးတာ သုံးရက်ရှိသွားပြီ။
ပြီးတော့ ဒီနေ့က သူတို့မိသားစုသုံးယောက်အတွက် ပ
ထမဆုံးအနေနဲ့ ဆုံရမယ့်နေ့လေးပါ။ ဘာဖြစ်လို့ ဒီလို
ဖြစ်သွားရတာလဲဆိုတော့ ရှောင်းကျန့်ရဲ့ခွဲစိတ်မှုက အ
ဆင်မပြေခဲ့လို့ ဒီရက်တွေအတွင်းမှာ ရှောင်းကျန့်ခမျာ
စော်အော်လေးကို ဖုန်းထဲက အန်တီလျိုရိုက်လာပေး
တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကနေတစ်ဆင့်ပဲ ကြည့်ခဲ့ရတယ်။

ကလေးကို မြင်လိုစိတ်ပြင်းပြနေတဲ့ ရှောင်းကျန့်အတွက်
အခြားနည်းလမ်းမရှိတော့ဘူး။ သူက ဝမ်ရိပေါ်ကို ကလေး
ကို သွားကြည့်ပြီး ဘယ်သူနဲ့တူတယ်ဆိုတာကို သူ့ကိုပြန်ပြီး
ပြောပြစေချင်ခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ရိပေါ်က မြည်းတစ်
ကောင်လို ခေါင်းမာတယ်။ သူက ရှောင်းကျန့်နဲ့မှ အတူတူ
သွားကြည့်မယ်တဲ့လေ။ စော်အော်ကို သူတစ်ယောက်တည်း
အရင်သွားကြည့်တာက ရှောင်းကျန့်အတွက် မတရားဘူးလို့
ဝမ်ရိပေါ် ခံစားရတယ်။

ရှောင်းကျန့်ခေါင်းထဲမှာရှုပ်ထွေးနေပေမယ့် သူ့ဆီက
ဘာစကားမှ ထွက်မလာဘူး။ စော်အော်လေး လမစေ့
ဘဲ မွေးလာတာနဲ့ပက်သက်ပြီး ဝမ်ရိပေါ် ရဲ့ ရင်ထဲမှာ စူး
အောင့်နေမယ်ဆိုတာ ရှောင်းကျန့်သိနေတယ်။ အဲ့ဒါ
နဲ့ ပက်သက်ပြီး သူ ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ဘူး။
အပြစ်ရှိသလို ခံစားနေရတယ်။ ဒါကြောင့်မို့ အခုချိန်
မှာ ဝမ်ရိပေါ်ကို သူ အပြစ်တင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

ရှောင်းကျန့် နည်းနည်းလှုပ်ရှားနိုင်လာချိန်မှာ သူက
ဒေါက်တာလီဆီက ဝှီးလ်ချဲတစ်ခု တောင်းလိုက်ပြီးတော့
ကလေးကိုသွားကြည့်ဖို့ ဝမ်ရိပေါ်ကို တွန်းပို့ခိုင်းခဲ့တယ်။

အထူးကြတ်မတ်ကုသဆောင်ကိုရောက်တော့ ပြတင်း
ပေါက်မှန်တွေကနေ ပန်းနုရောင်သန်းနေတဲ့ အသား
အရေနဲ့ မွေးကင်းစကလေးတွေအများကြီးကို  သူတို့
တွေ့လိုက်ရတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now