6

13.9K 1.5K 110
                                    

Unicode.

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့ သတင်းကို ထုတ်ပြန်လိုက်တာနဲ့တစ်ပြိုင်နက် ဝေ့ပေါ်မှာ အကုန်လုံးလန့်ဖြပ်သွားခဲ့ကြတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့ သတင်းကို ထုတ်ပြန်
လိုက်တာနဲ့တစ်ပြိုင်နက် ဝေ့ပေါ်မှာ အကုန်လုံး
လန့်ဖြပ်သွားခဲ့ကြတယ်။

ခဏလေးအတွင်းမှာတင် ဖန်တွေက မီးဟုန်းဟုန်း
တောက်သွားပြီး အင်တာနက်အသုံးပြုသူတွေလည်း
အံ့သြသွားခဲ့ကြတယ်။ ကိစ္စတွေက ဒီလိုဖြစ်သွားလိမ့်
မယ်လို့ သူတို့လုံးဝမမျှော်လင့်ခဲ့ကြဘူး။ Hot Search
တွေက အောက်ကိုကျမသွားဘဲ အပေါ်ကိုပဲ တက်တက်
လာနေခဲ့တယ်။ အဲ့ဒါက အရမ်းပြန့်နေပြီဖြစ်တာမို့ ဖြုတ်
ဖြုတ်ချချင်ရင် ဖြုတ်ချလို့တောင် မရတော့ပါဘူး။ လူတွေ
က No.1 Hot Searchဖြစ်တဲ့ #ရှောင်းကျန့် ဝမ်ရိပေါ်
ရဲ့လက်ထပ်ခြင်း# ဆိုတဲ့ Topicထဲကို ဝင်ကြည့်ကြပြီး
ဘာပြောရမှန်းမသိ ဖြစ်သွားကြတယ်။

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့ ဖန်တွေက အဲ့ဒီ Hot
Searchကြောင့် ကြက်သေသေသွားကြပြီးတော့
သူတို့က ဒေါသထွက်လာကြတယ်။ သူတို့အိုင်ဒေါ
တွေက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ?

လက်ထပ်တဲ့သတင်းကို ဘာသတိပေးတာမှ မရှိဘဲ
ရုတ်တရက်ကြီး ထုတ်ပြန်လာကြတာလေ။ သူတို့
ရဲ့ ဒီလို အောင်မြင်နေဆဲ ကာလတွေမှာ ရုတ်တရက်
ကြီး ချစ်ကြိုက်ပြီး ဒီလိုကြီး ထုတ်ပြန်ဖို့ဆိုတာကြီးက
လုံးဝမဖြစ်သင့်ဘူးလေ။ အဲ့ဒီအကြောင်းကို သူတို့
တွေးမိလေ ဒေါသထွက်လာလေဖြစ်တယ်။ သူတို့က
သူတို့အိုင်ဒေါရဲ့ ပိုစ့်အောက်မှာ သွားငိုကြပြီး Fan
တွေအချင်းချင်း ရန်သတ်ကြတော့တယ်။

အဲ့ဒါတွေအကုန်လုပ်ပြီးတဲ့အထိ သူတို့က သူတို့ရဲ့
ဒေါသတွေကို မထိန်းနိုင်ကြသေးဘူး။ ခဏနေတော့
သူတို့က သူတို့အိုင်ဒေါနဲ့ သူတို့အိုင်ဒေါရဲ့ ယောကျာ်း
ဖြစ်လာတဲ့ အခြားအိုင်ဒေါက ဘယ်လိုလုပ်ချစ်မိသွား
ကြတာလဲဆိုတဲ့ အကြောင်းတွေကို စုံစမ်းရေးဆင်းကြ
ပါတော့တယ်။ ဒါပေမယ့် သူတို့ ဘာတစ်ခုမှ ရှာမတွေ့
ကြပါဘူး။ အထောက်အထားတွေအရ သူတို့နှစ်ယောက်
က ဘာအဆက်အဆံမှမရှိဘူး။ အဆက်အဆံရှိတဲ့တစ်ခု
ထဲသော အကြောင်းအရာကတော့ Produce 1O1 အ
စီအစဉ်ပါပဲ။ အဲ့ဒီတစ်ခုပဲ သူတို့ရှာတွေ့ခဲ့ကြတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now