22

10K 1.3K 52
                                    

Unicode.

ဝမ်ရိပေါ် ရဲ့​ ရောင်ဝါအပြည်နဲ့ အခုလိုပုံရိပ်ကို
ရှောင်းကျန့် ပထမဆုံးမြင်ဖူးတာပါ။

သူ့ရှပ်အင်္ကျီကို တံတောင်ဆစ်အထိ ခေါက်တင်
ထားပြီး သူ့လက်ပေါ်က သွေးကြောတွေကိုတောင်
မြင်နေရတယ်။ သူ့ခေါင်းပေါ်မှာ ဆောင်းထားတဲ့
ဦးထုပ်က အခုမရှိတော့ပါဘူး။ သူ့ရဲ့ ပုံမှန် သပ်သပ်
ရပ်ရပ်ဆံပင်တွေက ရှုပ်ပွနေပြီး သူ့ရဲ့အမူအရာက
အေးစက်နေကာ အရမ်းမိုက်နေခဲ့ပါတယ်။

" သူ့ကိုလွှတ်လိုက် "

လေထုထဲမှာ အယ်လ်ဖာရဲ့ ပြင်းပြတဲ့ pheromone
နံ့တွေသင်းပျံ့နေပြီး နူးညံ့သိမ်မွေ့ပုံရတဲ့ အဲ့ဒီရနံ့ထဲမှာ
မရေမတွက်နိုင်တဲ့ ကြောက်မက်ဖွယ်ဓားသွားတွေပါဝင်
နေပုံပါပဲ။ ရနံ့တွေကြား ရှောင်းကျန့်ခမျာ ဒူးတွေတောင်
မခိုင်နိုင်တော့ပါဘူး။ ဝမ်ရိပေါ်က အဲ့ဒီနှစ်ယောက်ကို
တိုက်ခိုက်ဖို့ သူ့ရဲ့ phreomoneကို အသုံးပြုခဲ့တယ်။

ဝမ်ရိပေါ် ရဲ့ pheromoneနံ့တွေက သန့်စင်ခန်း ကျဥ်း
ကျဥ်းလေးထဲမှာ မွှန်ထူသွားခဲ့တယ်။ သူ့ရဲ့ အကျပ်ကိုင်မှု
က အခန်းထဲက လူတွေကို စိတ်ပျက်အားငယ်သွားစေခဲ့
ပါတယ်။ ဝမ်ရိပေါ် အခန်းထဲ ဝင်လာခါစတုန်းက သူ့ရဲ့
ကြောက်စရာရောင်ဝါကြောင့် အိုမီဂါအမျိုးသမီးက ထိတ်
လန့်သွားခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းသွားခဲ့ပါ
တယ်။ သူမရဲ့လက်က မခိုင်ဖြစ်သွားခဲ့ပြီး သူမချုပ်ထားခဲ့
တဲ့ လူဟာလည်း ကြမ်းပြင်ပေါ် လွတ်ထွက်သွားခဲ့တယ်။

ရှောင်းကျန့်က သူမရဲ့ အထိန်းအကွပ်ကနေ လွတ်မြောက်
သွားခဲ့ပြီး အသက်ကို မရမက လုရှူနေခဲ့ရတယ်။

အယ်လ်ဖာအမျိုးသမီးက သူမရဲ့ pheromoneတွေနဲ့
ဝမ်ရိပေါ်ကို ပြန်တိုက်ခိုက်ချင်ခဲ့ပေမယ့်လည်း သူမ ရနံ့
ကို မထုတ်လွှတ်ရသေးခင်မှာ ဝမ်ရိပေါ်က သူ့ရဲ့လက်ကို
ဆန့်ထုတ်လာပြီး သူမရဲ့လည်ပင်းကို ဆုပ်လာခဲ့တယ်။

" ပြောစမ်းပါအုန်း မင်း သူ့နောက်ကို လိုက်နေတာ
ဘယ်လောက်ကြာပြီလဲ? မင်းမှာ အဖွဲ့ရှိလား မင်းရဲ့
အဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲ? "

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now