33

8.1K 973 11
                                    

Unicode.

တစ်နာရီဆိုင်းငံ့ပြီးနောက်မှာတော့ လူတိုင်းက ကိုယ့်
နေရာကိုယ် ဝင်ထိုင်လိုက်ကြပြီးဖြစ်ပါတယ်။

တရားလိုရဲ့ စွပ်စွဲပြောဆိုမှုတွေကို ခုခံချေပဖို့အတွက်
တရားခံဘက်က နိဂုံးချုပ်ထုတ်ပြန်ချက်တစ်ခုပြောဆို
ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါက သူတို့အတွက် တရားသူ
ကြီးရဲ့သဘောထားကို ပြောင်းလဲနိုင်မယ့် နောက်ဆုံး
သော အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်။ သူတို့ရဲ့
ပင်မအထောက်အထားတွေနဲ့ တောင်းဆိုချက်တွေကို
အစုံအလင်ဖော်ပြခြင်းဖြင့် တရားရုံးနဲ့ ခုံရုံးတို့ကို သူ
တို့အတွက် အကျိုးရှိစေမယ့် စီရင်ချက်တွေ ချစေလို့
ရပါတယ်။ အမှန်တရားရှာဖွေခြင်းနဲ့ပက်သက်ပြီးတော့
တရားစီရင်တာက အရေးကြီးတယ်လို့ ပြောလို့ရတယ်။

လေးနက်တဲ့ တရားခွင်နဲ့ နှိုင်းယှဥ်ရမယ်ဆိုရင် အခု
အပိုင်းက တရားလိုရဲ့ရှေ့နေနဲ့ တရားခံရဲ့ ရှေ့နေတို့
ရဲ့ စကားပြောစွမ်းရည်နဲ့ သက်ဆိုင်နေပါတယ်။ ဒါက
ပိုရှင်းလင်းပြီး နားလည်ရလွယ်ကူအောင် တိုတိုရှင်း
ရှင်းနဲ့ သေချာထိထိမိမိ ပြောနိုင်မှရမှာပဲဖြစ်တယ်။

" လေးစားအပ်ပါသော တရားသူကြီးမင်းခင်ဗျာ,
ကျွန်တော်အလုပ်လုပ်ရာဌာနက Mr.Wangနဲ့
Mr.Xiaoတို့အမှုကို ကျွန်တော့်ထံ အပ်နှင်းခဲ့ပြီး
​ဖြစ်တာမို့ ကျွန်တော်ကပဲ စလိုက်ပါရစေ ... "

ရှေ့နေကျူးက မိန့်ခွန်းတွေကို စတင်ပြောဆိုခဲ့ပါ
တယ်။ သူက အရမ်းတည်ငြိမ်နေတယ်။ ယွီလော့ရဲ့
ရှေ့နေကတော့ စိတ်မချမ်းမသာဖြစ်နေတယ်ဆိုတာ
အထင်အရှားပါပဲ။ အဆုံးမှာ ယွီလော့က ထောင်သွင်း
အကျဥ်းချခံရတော့မှာဖြစ်ပြီး သူ့ဘက်က သူ့ရဲ့ အမှု
သည်ကို ထောင်ဒဏ် နည်းနည်းလျော့သွားအောင်ပဲ
လုပ်ပေးဖို့ တတ်နိုင်တော့တယ်လေ။ အချိန်တွေကြာ
လာတာနဲ့အမျှ ရှေ့နေတွေရဲ့ မိန့်ခွန်းစကားတွေဟာ
ပြီးဆုံးသွားခဲ့ပြီးဖြစ်ပါတယ်။ တရားသူကြီးက စုံစမ်း
စစ်ဆေးဖို့ စတင်ခဲ့ပြီး စာရေးက အမှုမှတ်တမ်းတို့ကို
တစ်တောက်တောက် ရိုက်နှိပ်နေခဲ့ပါတယ်။ ရုံးချိန်း
မှန်ကန်ကြောင်း နှစ်ဖက်လုံးက အတည်ပြုသွားပြီး
နောက်တော့ ဒီတစ်ခေါက်ရုံးချိန်းက ပြီးဆုံးသွားကာ
တရားရုံးကပြန်ပြီး ရုံးချိန်းရလဒ်ကို ထိုင်စောင့်နေဖို့
ပဲ ရှိပါတော့တယ်။ တရားရုံးအဝင်ဝမှာ မီဒီယာတွေ
အုပ်လိုက်ကြီးစုဝေးနေကြဆဲဖြစ်ပြီး ရှောင်းကျန့်နဲ့
ဝမ်ရိပေါ်ထွက်လာတာကိုမြင်တာနဲ့ သူတို့က အပြေး
အလွှားနဲ့ မေးခွန်းတွေမျိုးစုံ ထုတ်လာကြတော့တယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now