5

15.1K 1.6K 50
                                    

Unicode.

ဝမ်ရိပေါ်က သူ့မိခင်နဲ့ ရုပ်အတော်ဆင်တယ်။ ဒါက
ရှောင်းကျန့် သူ့ယောက္ခမကို မြင်မြင်ချင်း တွေးမိတဲ့
ပထမဆုံးအတွေးပဲ။

ဝမ်ရိပေါ် ရဲ့မိခင်ဟာ တစ်ချိန်တုန်းက တရုတ်မှာ
နာမည်ကြီးခဲ့တဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့တယ်။

နောက်ပိုင်း သူမအသက်ကြီးလာတော့ ဖျော်ဖြေရေး
လောကကနေနားသွားပြီး ကိုယ်ပိုင်ဘရန်းတစ်ခုကို
တည်ထောင်ခဲ့တယ်။ သူမက တစ်နှစ်ပတ်လုံး နိုင်ငံ
ခြားမှာ နေတာဖြစ်ပြီး အားလပ်ရက်တစ်ချို့မှာသာ
ဝမ်ရိပေါ် နဲ့ တွေ့ဖို့် ပြန်လာတတ်တာပဲဖြစ်တယ်။

များသောအားဖြင့် ဝမ်ရိပေါ်ကလည်း နိုင်ငံခြားကို
သွားရောက်လည်ပတ်တတ်ပါတယ်။ အခုတော့ ဝမ်
ရိပေါ် တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေကြောင်း
တောင် သူမမသိလိုက်ရပဲ သူမသားလေးက သူမဖို့
မြေးလေးတောင် ယူလာပေးနေပြီ။ သူမလည်း အခု
လို သူမချွေးမလေးနဲ့တွေ့ဖို့ တရုတ်ပြည်ကို အမြန်ဆုံး
နည်းနဲ့ Jetလေယာဉ်စီးပြီး ရောက်လာခဲ့ရတော့တာပေါ့။

မဒမ်ဝမ်က အသက်ငါးဆယ်လောက် ရှိနေပြီ
ဆိုပေမယ့်လည်း သူမက အသက်သုံးဆယ်လို့
ထင်ရလောက်အောင် အိစက်လှပနေဆဲပါ။

ရှောင်းကျန့်ရဲ့မိခင်က တံခါးကို ဖွင့်လိုက်တော့
သူမက ဝမ်ရိပေါ် နဲ့ ပက်သက်တဲ့ သူတစ်ယောက်
ယောက်ဖြစ်မယ်လို့ ခန့်မှန်းမိခဲ့ပေမယ့် မထင်မှတ်
ပဲ ဝမ်ရိပေါ် ရဲ့ မိခင်ဖြစ်နေခဲ့ပြီး သူမတို့တစ်တွေက
ဝမ်းသာအားရနဲ့ အိမ်ထဲဝင်ဖို့ ကြိုဆိုခဲ့ကြတယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က ဆိုဖာရဲ့အစွန်းမှာ မတ်
တပ်ရပ်နေခဲ့ကြတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့
မိဘတွေနဲ့အတူ အိမ်ထဲကိုဝင်လာတဲ့ သူ့ရဲ့မိခင်ကို
တွေ့လိုက်ချင်း ကူကယ်ရာမဲ့နေတဲ့ပုံ ဖြစ်သွားတယ်။

ထို့နောက်မှ မဒမ်ဝမ်ကို သူမိတ်ဆက်ပေးခဲ့တယ်။

" သူက ရှောင်းကျန့် ၊ ကျွန်တော်ကိုယ်တိုင် ရွေး
ချယ်ထားတဲ့ ကျွန်တော့်ရဲ့ ပါတနာ ... "

" အမေသိပါတယ် " မဒမ်ဝမ်က ရှောင်းကျန့်ကို
အပေါ်ပိုင်းကနေ အောက်ပိုင်းအဆုံး သေချာကြည့်
နေရင်း အမေရှောင်းကို ချီးကျူးလာတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now