26

8.8K 1K 31
                                    

Unicode.

ဝေ့ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။

မကြာသေးမီက လူတစ်ချို့ဟာ ဝမ်ရိပေါ်ရဲ့ အကျပ်
ကိုင်မှုနဲ့ အိုမီဂါအပေါ် ထိခိုက်စေမှုနဲ့ ပက်သက်ပြီး
ဝမ်ရိပေါ်ကို အပြင်းအထန် ရှုံ့ချခဲ့ကြတယ်။

အိုင်ဒေါတွေနောက်ကို အမြဲလိုက်နေတတ်တဲ့
မိန်းကလေးငယ်လေးတွေကလည်း တံတွေးထွေး
ရင်းနဲ့ ပြောဆိုလာခဲ့ကြတယ် : " ငါ မင်းကို အရမ်း
စိတ်ပျက်မိတယ် မင်းကို အားမပေးခဲ့သင့်ဘူး "

တစ်ယောက်ကလည်း ခြေကိုဆောင့်ရင်းနဲ့ :

" နောက်ခံနဲ့တက်လာတဲ့ပန်းလို့ကို မပြောရဘူး
တကယ်ကို စိတ်ပျက်စရာကောင်းနေရော "

ပြီးတော့ ရှောင်းကျန့်ရဲ့ ဝေ့ပေါ်ဆီပြေးပြီး လေးလေး
နက်နက်နဲ့ နှစ်သိမ့်စကားတွေ ပြောခဲ့ကြတဲ့ လူတွေလည်း
ရှိတယ်။ သူတို့က ပွေ့ဖက်ပေးကြရင်းနဲ့ : " နောက်တစ်
ခါ လူတွေကို သေသေချာချာကြည့်ဖို့ မမေ့နဲ့နော် "

CP Fan တွေနဲ့ ဝေ့ပေါ်က လူတွေကလည်း အကြီး
အကျယ်ကို အော်ဟစ်ရန်ဖြစ်နေခဲ့ကြတယ်။ ဖန်တွေ
က သူတို့အိုင်ဒေါဘက်ကကာပေးဖို့ အတတ်နိုင်ဆုံး
ကြိုးစားပေးနေခဲ့ကြတယ်။ အရင်နေ့က ကျင်းပကြ
တဲ့ ပျော်ရွှင်စရာ အခမ်းအနားကနေ အခုတော့ အိမ်
ပြိုကျသည်ထိ ရန်တွေဖြစ်နေခဲ့ကြလေရဲ့။ သေးသေး
မွှားမွှားတော့ မဟုတ်ပါဘူး။ တစ်ယောက်က ငိုနေရင်း
နဲ့ အော်ဟစ်ပြောဆိုလာခဲ့တယ် : " ငါမယုံဘူး! ဝမ်ရိ
ပေါ် ကြိုက်တာက ရှောင်းကျန့်ပဲ သူက အဲ့လိုလူမျိုး
ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ အီးဟီး "

ဒါပေမယ့် ဒီလိုခံစားချက်အစစ်အမှန်တွေက သူတို့
နှလုံးသားအောက်ခြေကနေကို ထွက်လာခဲ့တာဖြစ်ပြီး
အချို့ဈေးကွက်ရှာဖွေရေးအကောင့်တွေက စခရင်
ရှော့တွေသုံးပြီး ဝေ့ပေါ်မှာ ပိုစ့်တွေတင်ခဲ့ကြတယ်။

သူတို့က CP Fanတွေကို အမှားအမှန်ခွဲခြားဖို့
ဦးနှောက်မရှိကြဘူးလို့ လှောင်ပြောင်သရော်ခဲ့
ကြပြီး ဖြတ်သွားဖြတ်လာ ပရိတ်သတ်တွေကို
သူတို့ဘက်ပါအောင် ဆွဲခေါ်သွားခဲ့ကြတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now