4

15.7K 1.7K 27
                                    

Unicode.

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်က အိမ်ပြန်လာတဲ့လမ်း
တစ်လျှောက်မှာ ကိုယ်ဝန်ဖျက်ချတာနဲ့ပက်သက်
ပြီး စကားတစ်ခွန်းမှ မဟကြဘူး။

ဆေးရုံကနေ ပြန်လာပြီး သူတို့နှစ်ယောက်က
သူတို့ရဲ့မိဘတွေကိုတော့ သူတို့တွဲနေကြတာ လအတော်ကြာပြီလို့ ပြောဖို့ဆွေးနွေးထားကြ
တယ်။ ဒါကမလျော်ကန်တဲ့ လိမ်ညာမှုပါပဲ။ ဒါ
ပေမယ့် ကိစ္စတွေက ဒီအထိ ဖြစ်လာပြီပဲဟာ။

ဝမ်ရိပေါ်က တစ်ခေါက်ထဲနဲ့ လမ်းတွေကို မှတ်
မိတတ်တဲ့သူမဟုတ်ပါဘူး။ သူဆေးရုံ ရှိရာကို
လာတုန်းကလည်း Taxiငှါးပြီး လာခဲ့တာ။ ဝမ်
ရိပေါ်က ရှောင်းကျန့်အိမ်ကို ပြန်ရမယ့်လမ်းကို
လုံးဝမမှတ်မိပါဘူး။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို
ဆွဲလိုက်ပြီး အိမ်ကို လမ်းလျှောက်ပြန်ဖို့လုပ်တယ်။

" တက္ကစီငှါးဖို့ မလိုဘူးလား? "

ဝမ်ရိပေါ်က ပဟေဌိ့ဖြစ်သွားတယ်။

" ကျွန်တော် အိမ်ကနေ ဒီကို ကားငှါးလာတော့
တက္ကစီဒရိုင်ဘာက အဝေးကြီးမောင်းလိုက်ရတယ်
ပြီးတော့ မီးပွိုင့်တွေလည်းမိတယ် ကျွန်တော် အဲ့
တုန်းက အရမ်းစိုးရိမ်ပူပန်နေခဲ့ရတာ ... "

ဝမ်ရိပေါ်က အဲ့လိုပြောလိုက်တော့ ရှောင်းကျန့်က
ပြောစရာစကားပျောက်ရှသွားကာ သူ့ရဲ့ဦးခေါင်း
ကို သူ့လက်နဲ့ ပြန်ရိုက်လိုက်တယ်။ နောက်ပြီးတော့
မှ ဝမ်ရိပေါ်ကို ရှင်းပြလာပါတယ်။

" ဆေးရုံက ငါတို့အိမ်နဲ့ အရမ်း အရမ်းနီးတယ်
ရပ်ကွက်အနောက်ဘက် တံခါးပေါက်ကနေ ထွက်
လာပြီးရင် ပင်မတံခါးပေါက်ကို ရောက်သွားပြီး
လှည့်ပတ်သွားလိုက်ရင် ရောက်ပြီ "

" ဒါကြောင့် အဲ့လောက်ကြာသွားရတာပေါ့ "

ဝမ်ရိပေါ်ရုတ်တရက် သဘောပေါက်သွားတယ်။
ပြီးတော့ သူက ရှောင်းကျန့်ကိုကြည့်ရင်း ပြောတယ်။

" ကံကောင်းစွာနဲ့ ကော ခွဲစိတ်ခန်းထဲ မဝင်လိုက်
ဘူးလေ မဟုတ်ရင် ကျွန်တော်မီမှာမဟုတ်ဘူး "

ရှောင်းကျန့်က သူ့ကို ဘာမှပြန်မပြောဘူး။ လမ်း
တစ်လျှောက်မှာ သူတို့နှစ်ယောက်လုံး တိတ်နေကြ
ပြီး ဂိတ်ပေါ်ကနေ ဆင်းလာခဲ့ကြတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now