34

9.3K 1K 23
                                    

Unicode.

တစ်လခွဲကြာတော့ စီရင်ချက် ကျလာခဲ့ပါတယ်။

ဒီအမှုမှာ နောက်ဆုံးစီရင်ချက်ချပြီး တရားခံယွီလော့
ဟာ ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ရပြီး လျော်ကြေးငွေ
အဖြစ် ယွမ်အချို့ကို ပေးဆောင်ခဲ့ရပါတယ်။

စီရင်ချက်ကိုကြားပြီး ရှောင်းကျန့် ဝမ်ရိပေါ်ကို ကြည့်
လိုက်မိတော့ ဝမ်ရိပေါ် ရဲ့ မျက်နှာပြင်ထက် အပြုံးလေး
တစ်ခုကို တွေ့လိုက်ရပါတယ်။ ရှောင်းကျန့်လည်း စီရင်
ချက်ကိုကြားမှ အသက်ရှူရတာ ပိုပေါ့ပါးသွားသလို
ခံစားလိုက်ရတယ်။ ယွီလော့က သူမအပြစ်အတွက်
ထိုက်တန်တာကို ပြန်ရတာပဲ!

ဝမ်ရိပေါ်က တရားရုံးမှာ သက်သေထွက်ဆိုပေးခဲ့တဲ့
အယ်လ်ဖာအမျိုးသမီးကိုလည်း ထိုက်သင့်တဲ့အပြစ်
ဒဏ်ပေးအပ်ခဲ့ပြီး သူတို့ခေါင်းထဲ လေးလလောက်
ကြာအောင် ဖုံးလွှမ်းနေခဲ့တဲ့ တိမ်တိုက်တွေကလည်း
နောက်ဆုံးတော့ ကင်းစင်သွားခဲ့ပြီပဲဖြစ်ပါတယ်။

နောက်ပြီး စော်အော်ကလည်း တစ်ရက်ပြီးတစ်ရက်
အရွယ်ရောက်လာခဲ့ပြီး သူ့အဖေနှစ်ယောက်နဲ့ဆင်တူ
တဲ့ မျက်နှာသွင်ပြင်လေးကလည်း တစ်ဖြည်းဖြည်းနဲ့
ပွင့်ဟလာခဲ့ပါတယ်။ အင်တာနက်မှာ သူတို့နှစ်ယောက်
အကြောင်း ဆွေးနွေးနေကြတာတွေက တစ်ခဏတာ
လောက်တောင် ရပ်တန့်မသွားပါဘူး။ တရားရုံးအပြင်
ဘက်မှာ ယွီလော့က ရှောင်းကျန့်ကို ထိခိုက်စေဖို့ ကြံ
ရွယ်ခဲ့တာက ဖျော်ဖြေရေးနယ်ပယ်မှာ လုပ်ကိုင်နေတဲ့
အနုပညာရှင်တစ်ချို့ကို ထိတ်လန့်သွားစေခဲ့တဲ့အပြင်
လူအများရဲ့ အမြင်ကိုလည်း တစ်ဖက်သက်ဆန်လွန်း
တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားစေခဲ့ပါတယ်။

Law Firmရဲ့ တရားဝင်ဝေ့ပေါ်အကောင့်က အမှုနဲ့
ပက်သက်တဲ့ ဥပဒေမူကြမ်းကို တင်ပြလာပြီးနောက်မှာ
ဝေ့ပေါ်မှာ ဖန်အသိုက်အဝန်း ပြုပြင် ပြောင်းလဲခြင်း
လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အနုပညာ
ရှင်တိုင်းဟာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ဘက်က ရပ်
တည်ပေးဖို့ အသီးသီးထွက်ပေါ်လာခဲ့ကြပြီး ဖန်တွေ
ရဲ့ စည်းကမ်းမဲ့တဲ့ အပြုအမူတွေကို ဒေါသတစ်ကြီးနဲ့
ရှုံ့ချခဲ့ကြပြီး fanclubအမျိုးမျိုးကလည်း စည်းကမ်း
မဲ့တဲ့ ဖန်တစ်ချို့နဲ့ Du Weiတွေကို ' ဖန်ဒန်းတွင်းက
လောက်ကောင် ' တွေလို့ ပြောဆိုရှုံ့ချခဲ့ကြပါတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now