24

10.2K 1.1K 23
                                    

Unicode.

အယ်လ်ဖာအမျိုးသမီးနဲ့ ဘီတာ ရှေ့နေအမျိုးသားတို့ကို
မောင်းထုတ်လိုက်ပြီးတဲ့နောက် ဝမ်ရိပေါ်က ဆိုဖာပေါ်ကို
ခြေပစ်လက်ပစ် လှဲချလိုက်ပါတော့တယ်။

အခန်းထဲမှာ ထုတ်လွှတ်ထားတဲ့ pheromoneနံ့တွေက
မပျောက်သေးဘူး။ ရှောင်းကျန့်က ငှက်ကုလားအုတ်တစ်
ကောင်လိုမျိုး သူ့မျက်နှာတစ်ခြမ်းကို စောင်နဲ့ဖုံးထားတယ်။
ရှောင်းကျန့်ရဲ့ဗိုက်က ခွဲစိတ်ထားတဲ့ ဓားဒဏ်ရာက မကျက်​
သေးတာမို့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို စိတ်ပူနေတယ်။

ဝမ်ရိပေါ်က ဆိုဖာပေါ်က ထရပ်လိုက်ပြီး အခန်းတံခါး
ပေါက်ရှိရာကို လျှောက်သွားတယ်။

" မင်းဘာလုပ်မလို့လဲ? "

တံခါးဆီကို လျှောက်သွားတာနဲ့ ရှောင်းကျန့်က
ဝမ်ရိပေါ်ကို မေးလာခဲ့တယ်။

" အခုက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ဒီအဖြစ်အပျက်ရဲ့
တရားခံက ဘယ်သူလဲဆိုတာ လူတွေရှင်းရှင်းလင်းလင်း သိ
သွားအောင် လုပ်ရမယ့်အချိန်ပဲ " အယ်လ်ဖာရဲ့ မျက်နှာထား
က အလွန်အေးစက်နေခဲ့တယ်။ သူက ဒေါသထွက်နေတဲ့ ပုံ
ပါပဲ။ ဒါပေမယ့် အခုချိန်မှာ သူတို့နှစ်ယောက်လုံး စိတ်အေး
အေးထားပြီး ဖြေရှင်းဖို့လိုတယ်။ အယ်လ်ဖာအမျိုးသမီးရဲ့
စကားတွေက သိပ်ပြီးသာယာမှုမရှိတာကို ရှောင်းကျန့်ရော
ဝမ်ရိပေါ်ရောသိတယ်။ သူမပြောသွားတဲ့ အရာတွေထဲမှာ
တစ်ခုကတော့ သေချာပေါက်မှန်နေတယ် -- အတောက်ပ
ဆုံး ကြယ်ပွင့်တွေက နင်းချေပစ်ဖို့ အလွယ်ကူဆုံးပဲ။

အွန်လိုင်းမှာ ကောလဟာလတွေဖြန့်ဝေဖို့ ကုန်ကျစရိတ်
က တကယ်နည်းတယ်။ အကောင့်အနည်းငယ်လောက်
ဖွင့်ပြီး စခရင်ရှော့အတုတွေနဲ့တင် လူတစ်ယောက် ဒါမှ
မဟုတ်ရင် အဖွဲ့တစ်ခုကိုတောင် အမည်းစက်ဖြစ်သွားစေ
နိုင်ပြီး အပြစ်မဲ့သူတွေကိုတောင် ယုတ်ညံ့ပြီးရွံရှာဖွယ်
ကောင်းတဲ့အရာတွေသုံးပြီး အပြစ်ဖို့လို့ရတယ်။

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က ဒီလောကမှာ အင်အားကြီးတဲ့
လူတွေဖြစ်ကြပြီး သူတို့ ဘယ်လောက်ပဲ တောက်ပပြီး
လဲကျတိုင်း ပြန်ထနိုင်နေပါစေ သူတို့ အမှားလုပ်မိရင်
ထိုးချဖို့က တကယ်ကို လွယ်ကူတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now