2

19.1K 1.8K 55
                                    

Unicode.

တံခါးပေါက်က ဘန်းခနဲပိတ်သွားပြီး မန်နေဂျာဟာ
သူ့ဘေးက ဝမ်ရိပေါ်ဟာ လေအဟုန်နဲ့ အထဲကို ဆွဲ
သွင်းခံလိုက်ရတာကို မြင်လိုက်ရတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ဖခင်ရဲ့ အိမ်ထဲဆွဲသွင်းခြင်း
ကို ခံလိုက်ရပြီး မန်နေဂျာနဲ့ လက်ဆောင်ထုပ်တွေက
တော့ အပြင်မှာပဲ ကျန်နေရစ်ခဲ့ရတယ်။

မန်နေဂျာက အပြင်မှာ အေးခဲနေခဲ့ပြီး ရိပေါ်ကတော့
အိမ်ထဲမှာ ထိတ်လန့်နေခဲ့ရတယ်။ သူmaskချွတ်ပြီး
ဘာမှမလုပ်လိုက်ရခင်မှာ ရှောင်းကျန့်ရဲ့ဖခင်ဖြစ်သူရဲ့
အထဲကိုဆွဲသွင်းခြင်းကိုခံခဲ့ရတာလေ။ ရှောင်းကျန့်အိမ်
က မီတာ၂၀၀နီးပါး ကျယ်ပြန့်ပြီး အရမ်းလှတယ်။

ဧည့်ခန်းထဲမှာ ရှောင်းကျန့်က ဒူးထောက်နေခဲ့ပြီး
အမျိုးသမီးအိုမီဂါတစ်ယောက်က ဆိုဖာပေါ်ကနေ
မျက်ရည်စတွေကို သုတ်နေခဲ့တယ်။ သူမကသေချာ
ပေါက် ရှောင်းကျန့်ရဲ့ မိခင်ပေါ့။

" မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ "

သူ့ဖခင်ရဲ့ အတင်းအကြပ်ဆွဲခေါ်ခြင်းကို ခံနေရတဲ့
ဝမ်ရိပေါ်ကို မြင်ပြီး ရှောင်းကျန့်က လန့်သွားပြီးတော့
ချက်ချင်း ကြမ်းပြင်ပေါ်ကနေ ထရပ်လာပြီး :

" မင်းငါ့အိမ်ကို ဘယ်လိုသိတာလဲ "

" ပါးစပ်ပိတ်ထားစမ်း မင်းကို ဘယ်သူက
ထလာခိုင်းလို့လဲ "

ရှောင်းကျန့်ရဲ့ဖခင်က ဆူပူလာတယ်။

ရှောင်းကျန့်က စကားလုံးတွေကို ပြန်မျိုချလိုက်ပြီး
ခုနကနေရာမှာ ပြန်ဒူးထောက်သွားတယ်။ အဖေရှောင်း
က ဝမ်ရိပေါ်ကို ရှောင်းကျန့်ရှေ့ တွန်းလိုက်ပြီးတော့
တင်းမာစွာ ပြောလာတယ်။

" မင်းလည်း သူ့ဘေးကို သွားဒူးထောက်စမ်း မင်းကို
မတ်တပ်ရပ်နေဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ "

ဝမ်ရိပေါ် လောကကြီးမှာ နေလာတာ ၂၁နှစ်ရှိပြီ။
ဒါဟာ လူတစ်ယောက်ဆီက ပထမဆုံးအနေနဲ့ သူ့ကို
ဒူးထောက်ဖို့ အစေခိုင်းခံရဖူးတာပဲ။ သူက အဖေရှောင်း
ကို အံ့ငသတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်ကြည့်လိုက်ပြီး
ကြမ်းပြင်မှာ စိတ်တိုနေတဲ့ပုံနဲ့ ရှောင်းကျန့်ဆီကို ကြည့်
လိုက်ပြန်တယ်။ သူက ရှောင်းကျန့်ဘေးကိုလျှောက်သွား
လိုက်ပြီး တည်ငြိမ်စွာနဲ့ ဒူးထောက်လိုက်တယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now