Extra 1

15K 1K 46
                                    

Unicode.

ရှောင်းကျန့် အလုပ်လက်မဲ့နဲ့ အိမ်မှာနေလာတာ တစ်
နှစ်ကျော်သွားပြီဖြစ်ပြီး စော်အော်ကလည်း တစ်ရက်ပြီး
တစ်ရက် အရွယ်ရောက်လာခဲ့ပါပြီ။ အဲ့ဒါက သူအလုပ်
လုပ်သင့်နေပြီဆိုတာကို ထောက်ပြနေသလိုမျိုးပါပဲ။

အဆိပ်ကောင်တွေက ဒီလောကမှာ အကြီးမားဆုံး
ရောဂါဆိုရင် မားကတ်တင်းအကောင့်တွေကတော့
အဲ့ဒီအဆိပ်တွေကို ထုတ်လွှတ်နိုင်ဖို့အတွက် ကူညီ
ပေးတဲ့ အကောင်းဆုံး အထောက်အပံ့တွေပါပဲ။

ယွီလော့နဲ့ အဖြစ်အပျက်တွေပြီးသွားတော့ ရှောင်း
ကျန့်နဲ့ ဝမ်ရိပေါ်တို့ရဲ့ဖန်တွေက ငြိမ်သွားကြပေမယ့်
လည်း ရှောင်းကျန့်က တစ်နှစ်ကျော်ကြာသည်အထိ
ပေါ်မလာခဲ့တာကြောင့် စည်းချက်ညီညီနဲ့ မားကတ်
တင်းအကောင့်တွေကလည်း တစ်ဖြည်းဖြည်းချင်းနဲ့
ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါတွေက သူတို့နှစ်ဦးကြား
က အိမ်ထောင်ရေးအကြောင်း မဟုတ်မမှန်တာတွေ
ပြောဆိုတာထက် ဘာမှမပိုပါဘူး။ မားကတ်တင်း အ
ကောင့်တွေက ဖန်တွေကြား ငြင်းခုံမှုတွေကို ဖြစ်ပေါ်
စေမယ့် အရာတွေတစ်ခုပြီးတစ်ခု ပြောရတာကြိုက်ပြီး
သူတို့က ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ကြား ' အိမ်ထောင်
ရေး ပြဿနာ ' တစ်ခု ရှိနေတဲ့အကြောင်း ပြောဆိုခဲ့
ကြပြီးတော့ အင်တာနက်အသုံးပြုသူတွေရဲ့ ထောက်
ခံချက်ကို အရယူခဲ့ကြပါတယ်။ သူတို့က ဝမ်ရိပေါ်ဟာ
အကျင့်မကောင်းတဲ့ အယ်လ်ဖာတစ်ယောက်ဖြစ်ပြီး
ရှောင်းကျန့်ကို သူ့ကလေးတွေမွေးခိုင်းဖို့ အိမ်မှာနေ
စေပြီး အလုပ်ထွက်လုပ်ဖို့ တားမြစ်ကာ အိုမီဂါ တစ်
ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆုံးရှူံးစေခဲ့တယ်လို့
ဝမ်ရိပေါ်ကို ပြောဆိုသမုတ်လာခဲ့ကြပါတယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့က မားကတ်တင်းအကောင့်
တွေရဲ့ ပြောဆိုရှုံ့ချချက်တွေကို ဘယ်တုန်းကမှ အာရုံ
မစိုက်တတ်ကြပါဘူး။ ဖျော်ဖြေရေးနယ်ပယ်မှာ စီးပွား
ရှာနေသူအနေနဲ့ အဲ့ဒီမားကတ်တင်းအကောင့်တွေက အနုပညာရှင်တစ်ယောက်ကို အခြေအမြစ်မရှိတဲ့အရာ
တွေနဲ့ အပုပ်ချရုံကလွဲပြီး ဘာမှမပိုဘူးဆိုတာကို သူတို့
က သိရှိကြတယ်။ အဲ့ဒီအကောင့်တွေကို အခကြေးငွေ
ပေးလိုက်တယ်ဆိုရင် တစ်ယောက်အပေါ် ပြောဆိုတာ
တွေ ရပ်သွားပြီး နောက်တစ်ယောက်ကို ပြောင်းလဲပြီး
ပြောဆိုကြတော့တာပဲ။ သူတို့ရဲ့ ပိုက်ဆံရှာနည်းပေါ့။

You've reached the end of published parts.

⏰ Last updated: Feb 25, 2022 ⏰

Add this story to your Library to get notified about new parts!

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now