14

11.6K 1.4K 64
                                    

Unicode.

နှစ်ယောက်က ဝန်ခံလိုက်ကြပေမယ့်လည်း သူတို့ကြား
မှာ ထူးထူးခြားခြား ပြောင်းလဲသွားတာမရှိဘူး။

ဝမ်ရိပေါ်က ပုံမှန်အတိုင်း ရှောင်းကျန့်ကို သူ့ဘဝရဲ့
အရေးကြီးဆုံးလူတစ်ယောက်လို ဂရုစိုက်နေဆဲပဲ။

ဝမ်ရိပေါ်က ဆေးရုံရက်ချိန်းကိုလည်း အမြဲ သတိရပြီး
သူတို့ဆေးရုံသွားတဲ့အခါတိုင်းမှာလည်း လုံခြုံပါတယ်။

ရှောင်းကျန့်ကို မပျော်ရွှင်စေတာဆိုလို့ တစ်ခုပဲ
ရှိတယ်။ အဲ့ဒါကတော့ ဝမ်ရိပေါ်က ရိုးရိုးသားသား
အယ်လ်ဖာကောင်လေးအဖြစ်ကနေ ကြောက်စရာ
အယ်လ်ဖာဘုရင်ကြီးလိုမျိုး ပြောင်းလဲလာတာပါ။

သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဝန်ခံပြီးကြတဲ့
အချိန်ကစပြီးတော့ ဝမ်ရိပေါ်က ချစ်သူတွေ ကြားမှာ
လုပ်တဲ့ ကိစ္စတွေကို ထုံးစံလိုလုပ်တယ်။ နေ့တိုင်း နေ့
တိုင်း သူက ရှောင်းကျန့်ကို ဟိုနေရာတို့လိုက် ၊ ဒီနေရာ
နမ်းလိုက်တွေလုပ်တယ်။ ဥပမာအနေနဲ့ပြောရမယ်ဆို
ဒရာမာမှာပါတဲ့ kiss sceneကို လေ့ကျင့်ဖို့ဆိုတဲ့ အ
ကြောင်းပြချက်နဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုနမ်းတာမျိုး။

နောက်ထပ်ဥပမာပေးရမယ်ဆိုရင် ဝမ်ရိပေါ်က သူ
Online Classတက်နေရင်းလည်း ရှောင်းကျန့်ကို
သူ့အနားခေါ်ထားတတ်တယ်။ Ipadကို တစ်နေရာ
မှာထောင်ထားပြီး ရှောင်းကျန့်ကို သူ့ရဲ့ ကြီးမားတဲ့
လက်တွေကြားမှာ ချုပ်ထားတယ်။ ဆရာ သင်ပေး
တာတွေကို နားထောင်ရင်း ရှောင်းကျန့်ကို နောက်
ပြောင်တာတွေလည်း လုပ်တတ်သေးတယ်။ ရှောင်း
ကျန့်က ထောင်ကျနေသလိုကို ဖြစ်နေရတယ်။

သူ့ခမျာ သန့်စင်ခန်းဝင်ချင်ရင်တောင် အယ်လ်ဖာ
ကို တင်ပြနေရသေးတယ်။ ရှောင်းကျန့်က အရမ်း
စိတ်ညစ်နေပြီး ပြောစရာစကားမဲ့နေရပါတယ်။

သူက ဒေါက်တာလီကိုတောင် အခုက ဝမ်ရိပေါ် ရဲ့
nesting periodကာလလားလို့ မေးမိသေးတယ်။
သူက ဝမ်ရိပေါ် ရဲ့ nesting periodကာလတွေမှာ
အိုမီဂါက ဘေးနားမရှိရင် အဆင်မပြေဖြစ်မှာတွေကို
စိုးရိမ်နေခဲ့တာပါ။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now