10

13K 1.4K 38
                                    

Unicode.

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ရိုက်တောင်
မရိုက်နိုင်တော့ဘူး။

ကိုယ်ဝန်ဆောင်အိုမီဂါတွေက နည်းနည်း စိတ်တို
လွယ်တယ်ဆိုပေမယ့် ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်က
တစ်ယောက်နဲ့တစ်ယောက် မချစ်ဘဲ ကလေးရလို့
လက်ထပ်လိုက်ရတဲ့ သူတွေဖြစ်တာမို့ ရှောင်းကျန့်
က စိတ်တိုတယ်ဆိုရင်တောင် ဝမ်ရိပေါ်ကို စိတ်တို
နေတယ်ဆိုတဲ့အကြောင်း လုံးဝမပြဘူး။

အကယ်၍ ရှောင်းကျန့် အဆင်မပြေဖြစ်ရင်တောင်
သူ ဝမ်ရိပေါ်ကို ဒီလိုဘယ်တော့မှာပြောမှာမဟုတ်ဘူး။

" ဒီနေ့ည ငါနဲ့အတူ လာအိပ်ပေးပါ့လား? "

သူက ဒီလိုပဲပြောမိမှာ။

" ဝမ်ရိပေါ် မင်းအဝတ်တွေ ငါ့ကိုပေး "

ဒါပေမယ့် လအနည်းငယ်အတွင်းမှာ သူတို့နှစ်ယောက်
က အတူတူနေခဲ့ကြတာပဲလေ။ ဝမ်ရိပေါ်က ရှောင်းကျန့်
အကူအညီလိုနေချိန်တိုင်း လက်ကမ်းပေးတတ်တဲ့လူ။

၂၁နှစ်အရွယ် အယ်လ်ဖာကောင်လေးက သူတွေးနိုင်
သမ်ွ ရှောင်းကျန့်ကို ဂရုစိုက်တယ်။

ရှောင်းကျန့်က အခု ဝမ်ရိပေါ် ရဲ့ လက်မောင်းတွေကြား
ထွေးပွေ့ခံထားရပြီး အယ်လ်ဖာရဲ့ pheromones နံ့
တွေကြား အသက်ရှူသံတွေ မြန်နေရတယ်။ သူ ဝမ်ရိ
ပေါ်ကို သဘောကျမိနေပြီဆိုတာကို ဝန်ခံပါတယ်။ သို့
ပေမယ့် သူ ဝမ်ရိပေါ်ကို ဖွင့်ပြောဖို့ မဝံ့ရဲပါဘူး ။ သူတို့
နှစ်ယောက်က စော်အော်လေးဖြစ်တည်လာလို့ အတူရှိ
နေရတဲ့သူတွေဖြစ်ပြီး သူတို့ကြားမှာ တာဝန်ယူမှု ၊ တာ
ဝန်ခံမှုဆိုတာတွေကလွဲ အခြားဘာတစ်ခုမှမရှိပါဘူး။

ရှောင်းကျန့်က ဒီကစားပွဲမှာ ဝင်မပါရဲဘူး။

ဒီကိစ္စက ဖြစ်သင့်ပါတယ်။ အခြားဘာကိစ္စမှမပါဘဲ
ဒီအတိုင်း ရင်ခုန်မိရုံသက်သက်ပဲလေ။ ဒါပေမယ့်လဲ
ကံကြမ္မာက သူနဲ့ဝမ်ရိပေါ်ကိုတိုက်ရိုက်ကြီးဒီအဆင့်
ကို တန်းရောက်စေခဲ့ပြီး သာမန်လမ်းကြာင်းတွေက
နေ သွေဖည်စေခဲ့တယ်လေ။ လက်မတွဲလို့မဖြစ်တော့
တဲ့ ဆက်ဆံရေးမျိုးနဲ့ မိဘတွေ တန်းဖြစ်စေခဲ့တယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now