18

11.7K 1.2K 49
                                    

Unicode.

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က တစ်ချက်ထဲနဲ့ ဝေ့ပေါ်ကို
ဗုံးခွဲလိုက်တာပါ။ Hot Searchခုနစ်ခုထဲက ငါးခု
လောက်က ရဲရဲနီနေတဲ့အဆင့်ကို ရောက်သွားတာ။

သူနာပြုအမျိုးသမီးထွက်လာပြီး ပြောပြီးနောက်မှာ
စတူဒီယိုက ဝန်ထမ်းတွေလည်း အငြိမ်မနေရတော့ပါ
ဘူး။ ဖျက်ချသင့်တာတွေဖျက်ချ ၊ hackသင့်တာတွေ
hack လုပ်ရပါတော့တယ်။ ပွဲရှာတဲ့သူတွေလည်း ရပ်
သွားကြပြီး HSကလည်း နည်းနည်းငြိမ်သွားတယ်။

တစ်ချက်နှိပ်လိုက်တာက သူတို့နှစ်ယောက်အတွက်
ကောင်းချီးတစ်ခုပါပဲ။ CP Fanတွေက မျက်ခုံးပင့်
သွားကြပြီး သူတို့က ကလေးရဲ့ အသွင်အပြင်ကို ခန့်
မှန်းကြည့်ဖို့အတွက် ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်တို့ရဲ့ ပုံ
တွေကို အသုံးပြုခဲ့ကြပါတယ်။

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်မှာ ဂုဏ်မောက်ရလောက်မယ့်
ရုပ်ရည်တွေ ကိုယ်စီရှိကြပြီး ရှောင်းကျန့်ရဲ့ နှုတ်ခမ်း
အောက်က မှဲ့ ၊ ဝမ်ရိပေါ် ရဲ့ နို့နှစ်ရောင် အသားအရေ
အဲ့လိုမျိုး အမှတ်အသားတွေလည်း ကိုယ်စီရှိကြပြန်
ပါတယ်။ သူတို့ရဲ့ မျိုးရိုးဗီဇတွေပေါင်းပြီး ချောမော
လွန်းတဲ့ သခင်ငယ်လေးတစ်ယောက် လောကကြီးကို
ရောက်လာမှာ အသေအချာပဲပေါ့။

CP Fanတွေက သူတို့လုပ်ထားတဲ့ ပုံတွေကိုကြည့်ပြီး
ပြန်ရူးသွပ်ကုန်ကြတယ်။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် ဟာ
လည်း အဲ့ဒီအချိန်မှာ ဝေ့ပေါ်သုံးနေခဲ့ကြပါတယ်။ ဝမ်
ရိပေါ်က ဖန်တွေ editထားတဲ့ ပုံတစ်ပုံကို သဘောကျ
သွားခဲ့တယ်။ အဲ့ဒီပုံထဲမှာ စော်အော်ရဲ့ ခန္ဓာကိုယ်က
သူနဲ့ဆင်တူပြီး မျက်နှာအသွင်အပြင်ကတော့ ရှောင်း
ကျန့်နဲ့ ပိုပြီးဆင်တယ်။ ဝမ်ရိပေါ် က ပါးအို့လေးတွေ
ကြွလာတဲ့အထိ ပြုံးမိသွားခဲ့တယ်။ သူတို့က ကလေး
လေးရဲ့ နှုတ်ခမ်းဖျားအောက်မှာ ရှောင်းကျန့်လိုမျိုး
မှဲ့လေးလည်း ထည့်ထားပေးကြသေးတာ။

" စော်အော်သာ ဒီလိုရုပ်လေးဆိုရင် သူကြီးလာရင်
ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်မှာ သေချာတယ် "

ဝမ်ရိပေါ်က ဖန်သားပြင်ပေါ်က စော်အော်လေးရဲ့
ပုံကိုညွှန်ပြပြီး ရှောင်းကျန့်ကို ပြောလာတယ်။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now