28

8.7K 1K 50
                                    

Unicode.

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က အိမ်မှာ ကလေးနဲ့အတူ
စတင်နေထိုင်ခဲ့ကြပါတယ်။

ဝမ်ရိပေါ်ဘက်က ရှေ့နေကျူးနဲ့ ယွီလော့ဘက်က
ရှေ့နေတွေက ဆွေးနွေးခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး
သက်ဆိုင်ရာ အထောက်အထားတွေနဲ့အတူ ရုံးချိန်း
ကို စောင့်ဆိုင်းနေရုံပဲ ရှိပါတော့တယ်။ အင်တာနက်
ပေါ်က လူတွေရဲ့ သဘောထားကလည်း အရင်ပုံစံနဲ့
မပြောင်းမလဲ အတူတူပါပဲ။ ယွီလော့ကတော့ သူမရဲ့
စွမ်းအားမှန်သမျှကို မီးတောက်တွေထဲကို လောင်စာ
ထပ်ထည့်ဖို့အတွက်ပဲ အသုံးချခဲ့တယ်။ ဘာလို့လဲဆို
ဒီဖြစ်စဥ်က မကြာခင်မှာ တရားရုံးရောက်တော့မယ်
ဆိုတာ သူမ သိပြီးဖြစ်လို့ပါ။ သူမအတွက် မကောင်း
တော့ဘူး။ ကိုယ်ဝန်ဆောင်အိုမီဂါတွေကို ဥပဒေတွေ
နဲ့ ကောင်းကောင်းကာကွယ်ပေးထားတယ်။ ရှောင်း
ကျန့်ရဲ့ အသံဖိုင်ကြောင့် သူမလွတ်မြောက်ဖို့အတွက်
လမ်းစဆိုတာ လုံးမမရှိနိုင်တော့ဘူး။

ဒါကြောင့် သူမက အများသူငှာ ထင်မြင်ယူဆချက်
တွေကို အသုံးပြုပြီး ဝမ်ရိပေါ်အပေါ်ကို ညစ်ပတ်တဲ့
မြောင်းပုပ်ရေတွေလောင်းချရင်း သူ့ရဲ့ကျော်ကြားမှု
ကို ပျက်စီးစေပြီး လူတိုင်းရဲ့ သပိတ်မှောက်တာကို ခံ
ရတဲ့ အရည်အချင်းမပြည့်မီတဲ့ အနုပညာရှင်    တစ်
ယောက်ဖြစ်သွားအောင် လုပ်ဖို့ကြိုးစားခဲ့တယ်။

လက်တွေ့ဘဝကလူတွေရဲ့ နှလုံးသားကို ထိုးနှက်ဖို့
ခက်ခဲတယ်ဆိုတာက အင်တာနက်ပေါ်က လူတွေရဲ့
နှလုံးသားကို ဆုပ်ကိုင်ဖို့ ခက်ခဲတယ်လို့ ဆိုလိုတာ မ
ဟုတ်ဘူးလေ။ " ငါကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြား
ခဲ့တာ " " ငါကိုယ်တိုင် မြင်ခဲ့တာပါဆို " အဲ့လို စကား
အနည်းငယ်နဲ့တင် လူတစ်ယောက်ကို ထိန်းချုပ်နိုင်
တယ်။ အင်တာနက်ပေါ်မှာ ဖရဲသီးမှန်သမျှစားကြပြီး
ပြောသမျှအကုန်ယုံတဲ့ လှိုင်းစီးနေကျ လူတွေလည်း
ရှိစမြဲပဲလေ။ အင်တာနက်ပေါ်မှာ ရေတပ်လို့ ခေါ်တဲ့
ပရော်ဖက်ရှင်နယ်ဆန်ဆန်လူတွေရှိတယ် ဆိုတာကို
ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ (ဟိုဟာလေ
ဒီမှာပါတဲ့ ရေတပ်ဆိုတာ အင်တာနက်ပေါ်မှာ အနုပညာ
ရှင်တွေကို မဟုတ်မမှန်တဲ့ သတင်းတွေနဲ့ အပုပ်ချတတ်
တဲ့ လူတွေကို ခေါ်တာပါနော်...နားလည်တယ်ဟုတ်?)

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now