25

9.4K 1.1K 35
                                    

Unicode.

စော်အော်မွေးပြီး လေးရက်မြောက်နေ့မှာတော့ နွေ
ခေါင်ခေါင်မှာ ရုတ်တရက် မိုးအုံ့လာခဲ့ပါတယ်။

ဟိုတစ်ခါ ပုံတွေပြန့်ပြီး Hot Search ဝင်ကတည်းက
ဝမ်ရိပေါ်က ရှောင်းကျန့်နားက တစ်ဖဝါးမှ မခွာတော့ဘူး။
မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာလည်း
ဝန်ထမ်း​မြောက်မြားစွာကို ဂရုတစ်စိုက် စောင့်ကြည့်စေပြီး
မသက်ဆိုင်တဲ့လူတွေကို အနားကို ချဥ်းကပ်ခွင့်မပေးခဲ့ဘူး။

အန်တီလျိုက အိမ်နဲ့ဆေးရုံကို ကူးသန်းသွားလာနေရပြီး
သူမက ရှောင်းကျန့်ဆေးရုံတက်နေစဥ်မှာ အာဟာရအပြည့်
အဝရရှိစေဖို့ ချက်ပြုတ်ကျွေးမွေးတဲ့တာဝန်ကို ယူထားတယ်။

ယွီမိသားစုက ရှေ့နေတစ်ယောက်ကို ခေါ်ဆောင်လာပြီး
ရှောင်းကျန့်ရဲ့ ဆေးရုံခန်းထဲမှာ ပြဿနာဖန်တီးခဲ့တာ
ကြောင့် စတူဒီယိုကလည်း အရေးပေါ်ပြင်ဆင်ရမယ့် အခြေအနေကို ရောက်ရှိသွားခဲ့တယ်။

ရှင်းဟိုက်ရဲ့  ရှေ့နေ့များအဖွဲ့က ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့
အကြောင်းအရာမှန်သမျှကို လွှဲပြောင်းရယူသွားခဲ့ကြပြီး
အထောက်အထားအားလုံးက ပြီးပြည့်စုံသွားခဲ့တယ်။

ရှေ့နေကျူးက ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကို အဖြစ်အပျက်
တစ်ခုလုံးကို ပြောဆိုရှင်းပြစေခဲ့ပြီး ယွီဂရုဘက်က ရှေ့နေ
လုနဲ့ တွေ့ဆုံပြောဆိုဖို့ စောင်းဆိုင်းနေခဲ့ပါတယ်။ 

ဒါပေမယ့် သူတို့ လုံးဝမျှော်လင့်မထားခဲ့ကြဘူး။ ဒီလို
နေပူမိုးအုံ့နေတဲ့နေ့မှာ နွေခေါင်ခေါင်မှာ ပစ်ချလိုက်တဲ့
မိုးကြိုးက အိပ်ပျော်နေတဲ့ စော်အော်ကို နိုးစေရုံသာမက
အင်တာနက်တစ်ခုလုံးကိုပါ ပေါက်ကွဲသွားစေခဲ့တယ်။

ဝေ့ပေါ်မှာ @အနုပညာလောကမှသတင်းထူးများ ဆိုတဲ့ စျေးကွက်ရှာဖွေရေးအကောင့်တစ်ခုက ဒီလိုတင်ခဲ့တယ်။

@အနုပညာလောကမှသတင်းထူးများ : #ဝမ်ရိပေါ်က
အညတရအိုမီဂါလေးတစ်ယောက်ကိုအတင်းအကြပ်နဲ့
Markပေးဖို့လုပ်ခဲ့တယ်# #ဝမ်ရိပေါ်ကအညတရအိုမီ
ဂါလေးကိုတမင်သက်သက်နာကျင်အောင်လုပ်ခဲ့တယ်#
ဒီနေ့ ကျွန်တော်တို့အဖွဲ့ အင်တာနက်အသုံးပြုသူတစ်ချို့
ဆီကနေ မင်းသား ဝမ်ရိပေါ်ဟာ ပုဂ္ဂလိက ဆေးရုံတစ်ခု
က သန့်စင်ခန်းထဲမှာ အမျိုးသမီးအိုမီဂါတစ်ယောက်ကို
အတင်းအဓမ္မ Markပေးဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်
အိုမီဂါဘက်က လက်မခံလို့ သူက အိုမီဂါရဲ့လည်ပင်းကို
ဓားနဲ့လှီးဖို့လုပ်ခဲ့ပြီး လက်ရှိမှာ အိုမီဂါက အန္တရာယ်ရှိနေ
ဆဲ အခြေအနေမှာပါ အိုမီဂါက ယွီမိသားစု ဆက်ခံသူရဲ့
တစ်ဦးတည်းသောသမီးလို့လည်း သိရပါတယ် ထပ်မံ
အတည်ပြုချက်များ ရရှိဖို့ရာအတွက် နှစ်ဖက်စလုံးကို
ကျွန်တော်တို့ ဆက်သွယ်ထားဆဲပါခင်ဗျာ။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now