31

8.1K 976 13
                                    

Unicode.

ရုံးချိန်းရဲ့တစ်ဝက်လောက်အလိုမှာ တရားလိုဖက်က
ဒေါက်တာလီကို ဆင့်ခေါ်ခဲ့ပါတယ်။ သက်သေတစ်ဦး
အနေနဲ့ ဒေါက်တာလီက ရှောင်းကျန့်ရဲ့ အကျပ်ကိုင်
ခံရမှုကစစ်မှန်ကြောင်း ထွက်ဆိုခဲ့ပြီး အိုမီဂါသန့်စင်
ခန်းထဲက pheromone ခွဲခြိမ်းစိပ်ဖြာမှုရလဒ်တို့
ကိုလည်း ထုတ်ဖော်ပြသလာခဲ့ပါတယ်။

ဒေါက်တာလီရဲ့ ထွက်ဆိုမှုနဲ့ပက်သက်ပြီး တစ်ဖက်က
နည်းအမျိုးမျိုးနဲ့ ကာကွယ်ငြင်းဆန်နေဆဲပါ။ ယွီလော့
ရဲ့ရှေ့နေက စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ထား
ပြီး လူစုလူဝေးရှိရာဆီ ပြသလာခဲ့ပါတော့တယ်။

" လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဒေါက်တာလီဟာ ဆေးရုံ
သားဖွားမီးယပ်ဌာနက တိုင်ကြားခံရမှုနှုန်းအများဆုံး
သုံးယောက်အတွင်းမှ တစ်ယောက်အပါအဝင်ပဲ ဖြစ်
ပါတယ် လူနာတော်တော်များများက ဒေါက်တာလီက
ဆေးကုရာမှာ ညံ့ဖျင်းလွန်းတယ်လို့ ဆိုခဲ့ကြပါတယ်
ပြီးတော့ လွန်ခဲ့တဲ့ငါးနှစ်လောက်က သူ့ရဲ့အမှားတစ်ခု
ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသားအိုမီဂါတစ်ဦးနဲ့
ရင်သွေးကို ဆုံးရှုံးလိုက်ရပြီး အဲ့ဒီအကြောင်းအရာကို
သူက ငွေကြေးနဲ့ ဖုံးကွယ်ထားခဲ့တာပါခင်ဗျ "

" ဒါကြောင့် ကျွန်တော်က ဒေါက်တာလီရဲ့ ထွက်ဆို
ချက်နဲ့ pheromoneရလဒ်တွေက မယုံကြည်သင့်
ဘူးဆိုတဲ့အကြောင်း ပြောလိုက်ပါရစေခင်ဗျာ "

ဒေါက်တာလီက ဆေးလောကမှာ ကျင်လည်လာတာ
ဆယ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါက သူ့အတွက် လူတွေရဲ့
မေးခွန်းထုတ်တာကိုခံရတဲ့ ပထမဆုံးအကြိမ်ပါ။ သူ့ရဲ့
မျက်နှာက ရုတ်ချည်းမည်းမှောင်လာခဲ့ပြီး သူ့ရဲ့နှုတ်ခမ်း
တွေက ဒေါသကြောင့် တုန်ယီနေခဲ့ပါတော့တယ်။

" မင်း...မင်း မဟုတ်တာမပြောနဲ့! လွန်ခဲ့တဲ့ငါးနှစ်က
ဖြစ်ခဲ့တာတွေက မင်းပြောသလို မဟုတ်ဘူးကွ! "

စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုက တရားခွင်မှာ တားမြစ်
ထားတဲ့အရာပါ။ ရှေ့နေကျူးက ဒေါက်တာလီကို တည်
ငြိမ်တဲ့အမူအရာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး တစ်ချိန်တည်း
မှာပဲ မတ်တပ်ထရပ်လာကာ :  " ဒေါက်တာလီရဲ့ ကျွမ်း
ကျင်ပိုင်နိုင်မှုက သားဖွားကုသရေးမှာ လုပ်ပိုင်ခွင့် အာ
ဏာတစ်ခုလို့ ဆိုလို့ရပါတယ် တရားရုံးမှာ ထွက်ဆိုခြင်း
လုပ်ရမယ့်သက်သေအဖြစ် ဒေါက်တာလီက ဒီလောက
မှာ ကျင်လည်လာတာ နှစ်ဆယ်နဲ့ချီနေပါပြီ သို့ပေမယ့်
ဒေါက်တာလီရဲ့ ကျွမ်းကျင်မှုအကြောင်း ဘယ် တစ်ဦး
တစ်ယောက်ကမှ မေးခွန်းမထုတ်ခဲ့ဖူးပါဘူး ဒေါက်တာ
လီရဲ့ pheromone ခွဲခြိမ်းစိပ်ဖြာခြင်းရလဒ်ကို အဲ့ဒီ
ဖက်က မယုံကြည်နိုင်ဘူးဆိုမှတော့ ကျွန်တော်တို့ဖက်
က အဲ့ဒီဖက်က ဆရာဝန်ကိုလည်း pheromoneကို
ခွဲခြိမ်းစိပ်ဖြာခွင့် ပေးနိုင်ပါတယ်ခင်ဗျာ အဲ့ဒီအချိန်က
နမူနာရလဒ်တွေကို ဆေးရုံက သိမ်းဆည်းထားဆဲဖြစ်
ပြီး ပိုပြီးတရားဝင်မယ့် ခွဲခြိမ်းစိပ်ဖြာခြင်းဌာနကို ဘယ်
အချိန်မှာမဆို ပေးပို့ပေးလို့ရပါတယ် ကျွန်တော်တို့က
ဘယ်ဆရာဝန်နဲ့ပဲ ပြောင်းစစ်စစ် နမူနာရလဒ်တွေက
ပြောင်းသွားမှာမဟုတ်လို့ မကြောက်ပါဘူးခင်ဗျ "

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now