12

11.7K 1.4K 151
                                    

Unicode.

ရှောင်းကျန့်ရဲ့ဝမ်းဗိုက်က ငါးလမှာ တော်တော်ဖောင်းနေပြီ။ နောက်ပြီးခြေဖဝါးတွေရောပဲ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့်ရဲ့ဝမ်းဗိုက်က ငါးလမှာ တော်တော်
ဖောင်းနေပြီ။ နောက်ပြီးခြေဖဝါးတွေရောပဲ။

တစ်လပြီးတစ်လတိုးလာတာနဲ့အမျှ ရှောင်းကျန့်
ရဲ့ ခန္ဓာကိုယ်က ပိုပိုပြီးလေးလာတယ်။ ခြေဖဝါး
တွေကလည်း ပိုပိုပြီးဖောင်းလာပြီး လက်တွေဟာ
လည်း ဖောင်းစပြုလာတယ်။ သူ့ရဲ့ရှည်ရှည်သွယ်
လက်လေးတွေက သိသိသာသာ ဖောင်းလာတယ်။

သူ့လက်မှာစွပ်ထားတဲ့ လက်စွပ်တောင် နည်းနည်း
ကျပ်လာသလိုဖြစ်လာပြီး သူနေရတာ လုံးဝ သက်
သောင့်သက်သာမရှိဘူး။ ရှောင်းကျန့်ကို ဒီလို ပုံစံနဲ့
မြင်ရတော့ ဝမ်ရိပေါ်က စိတ်ဆင်းရဲနေတယ်။

ဒါကြောင့် ဝမ်ရိပေါ်က အန်တီလျိုကို ရှောင်းကျန့်
သက်သောင့်သက်သာရှိစေဖို့ နေတိုင်း ခြေထောက်
ကို foot tub bath နဲ့ ရေစိမ်ပေးဖို့ရာ အကူအညီ တောင်းခဲ့တယ်။

ဟိုတစ်ခါချော်လဲမလိုဖြစ်ပြီးထဲက ဝမ်ရိပေါ်က
ရှောင်းကျန့်သုံးတဲ့ပစ္စည်းမှန်သမျှကို အေသအခ်ာ
ဂရုတစ်စိုက်စစ်ဆေးတယ်။ သူက အန်တီလျိုဝယ်
လာတဲ့ anti-skid padတွေကို တစ်ခုချင်းစီ စမ်း
ကြည့်ပြီး နောက်ဆုံးတော့ လူတွေကို ယိုင်ပြီးတော့
လဲမကျသေမယ့် အသင့်တော်ဆုံး တစ်ခုကို ရှာတွေ့
ခဲ့ပါတယ်။ ပစ္စည်းတွေကို ရိပေါ်က သူစမ်းကြည့်ပြီး
မွ ရှောင်းကျန့်ကို ပေးသုံးပါတယ်။ foot tub bath
တွေက လျှပ်စစ်ဓာတ်ယိုစိမ့်တတ်ပြီး အန္တရာယ်ရှိတဲ့
အကြောင်း ရိပေါ်သိလိုက်ရတုန်းက သူ့ခန္ဓာကိုယ်တစ်
ခုလုံး တောင့်သွားခဲ့တယ်။ အန်တီလျိုက အဲ့ဒီ ပစ္စည်း
ကို ဝယ်လာတာနဲ့ သူကအမြန်ရေဖြည့်ပြီး ခြေထောက်
ကို အဲ့ထဲသွင်းပြီး foot tub bathနဲ့ စမ်းလို့ရတာတွေ
အကုန် စမ်းသပ်ကြည့်တယ်။ သူတစ်ပတ်လောက်စမ်း
ကြည့်ပြီး အန္တရာယ်မရှိဘူးဆိုမှ ရှောင်းကျန့်ကို အသုံး
ပြုဖို့ ခွင့်ပြုပေးခဲ့တာ။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Where stories live. Discover now