Ch: 167+168 (U+Z)

6.8K 932 43
                                    

Unicode

Chapter-167 အန္တရာယ်ရှိသော ဇာတ်လိုက်။

"မနေ့ကတည်းက စစ်ယွိဟန်ရဲ့လူတွေက ကျွန်တော်တို့ကို ခွဲလိုက်တာ"

ခဲ့ရွမ်သည် စိုးရိမ်စိတ်ဖြင့် ရေရွတ်လိုက်သည်။

"ကောင်းပြီ။ သူမ ဘယ်မှာလဲဆိုတာ မင်းလဲမသိဘူး"

ခဲ့ရွမ်သည် လင်ချင်းယဲ့အား လှမ်းကြည့်ပြီး ချီချန်ကို မေးပေးရန် မျှော်လင့်သော်လည်း ချီချန်သည် သူ့ကြောင့် ဆိုးရွားစွာ နာကျင်ခဲ့ရသဖြင့် အလုပ်မဖြစ်လောက်ဟု တွေးလိုက်သည်။

လင်ချင်းယဲ့က ပြောလာသည်။

"စိတ်မပူပါနဲ့ ခဲ့သခင်လေး.. နော့နော့ အဆင်ပြေမှာပါ"

ခဲ့ရွမ်လည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်၏။

"ငါလဲ အဲဒီလိုပဲ မျှော်လင့်ပါတယ်"

"သူမ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်ရှာပေးမယ်" လင်ချင်းယဲ့က ရုတ်တရက် ပြောလိုက်သည်။

ခဲ့ရွမ်သည် ခေါင်းကို ဆတ်ခနဲ မြှောက်လိုက်ပြီး ခေါင်းယမ်းလိုက်၏။

"မဖြစ်ဘူး။ မင်းရဲ့လက်ရှိအနေအထားက အရမ်း အဆင်ပြေတယ်။ သူတို့ကို အခွင့်အရေး သွားမပေးလိုက်နဲ့"

ယခု သူသည် ချီချန်နှင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှိနေသောကြောင့် သူသိလိုသည်ကို ချီချန်အား မေးမည်မဟုတ်ကြောင်း သေချာပါသည်။

"ခဲ့သခင်လေး.. ကျွန်တော် ကိုယ့်ကိုကိုယ် ကာကွယ်ပါ့မယ်"

ခဲ့ရွမ်က အပြင်းအထန် ကန့်ကွက်လိုက်သည်။

"မဟုတ်ဘူး.. ချီချန်နဲ့တွေ့တာကလွဲရင် မင်းအတွက် အန္တရာယ်ဖြစ်စေမယ့်အရာ ဘာမှလုပ်ခွင့်မပေးနိုင်ဘူး"

ဇာတ်လိုက်အကြောင်းကို သူ့ထက် ပိုသိသူ တစ်ယောက်တောင်ရှိရဲ့လား။ ထိုကဲ့သို့သော ဩဇာအာဏာကြီးမားသူ၏အောက်တွင် လင်ချင်းယဲ့သည် မည်သည့်အရာကို တွေ့ရှိနိုင်မည်နည်း။

"ကျွန်တော်... "

ခဲ့ရွမ်သည် လင်ချင်းယဲ့၏ပုခုံးကို ပုတ်ပေးလိုက်၏။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now