Ch: 241+242 (U+Z)

4.1K 620 2
                                    

Unicode

Chapter-241 လင်ချင်းယဲ့၏ နှလုံးသားသည် နူးညံ့သိမ်မွေ့၏။

ခဲ့နော့သည် ယွီရှင်းကိုလက်ထပ်ခဲ့ကြောင်း လင်ချင်းယဲ့ သိလိုက်ရသောအခါတွင် အခြေအနေများအား  ပြန်ပြင်၍မရနိုင်တော့သည်ကို သူသဘောပေါက် သွားသည်။ သူသည် သတင်းကို ဆုပ်ကိုင်ထားရင်း အတွေးထဲတွင် နစ်မျောသွား၏။

ချီချန် တဲထဲသို့ ဝင်လာသောအခါ၌ပင် မည်သည့်တုံ့ပြန်မှုမှ မရှိချေ။

ချီချန်က ညင်သာစွာ ပြောလာသည်။

"အစ်ကိုချင်းယဲ့.. အရင်ဆုံး တစ်ခုခု စားလိုက်ပါ။ ဟုတ်ပြီလား"

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့နှစ်ဦးသည် ယခင်ပုံစံအတိုင်း ပြန်ဖြစ်သွားပုံရသည်။ ချီချန်သည် အလွန်အကျွံ ဘာမှမလုပ်သလို လင်ချင်းယဲ့သည်လည်း  ချီချန်အား အေးစက်သော မျက်လုံးများဖြင့် မကြည့်တော့ချေ။

"အဲဒီမှာထားခဲ့လိုက်"

ချီချန်သည် ဂျုံယာဂုကို စားပွဲပေါ်တင်ထားလိုက်သည်။  လင်ချင်းယဲ့ စိတ်ပူနေခြင်းဖြစ်ကြောင်း သူကောင်းကောင်း သိပါသည်။ ခဲ့ရွမ်မှလွဲ၍ သူစိတ်ပူမည့်လူမှာ ခဲ့နော့တစ်ယောက်သာ ရှိသည်။

သူ၏မျက်လုံးများတွင် အမှောင်ထုရှိနေပြီး မည်သည်ကို တွေးနေမှန်း မသိနိုင်ပေ။ ပြီးနောက် သူ၏ မျက်လုံးများသည် နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်သွားပြန်သည်။

"အစ်ကိုချင်းယဲ့.. စိတ်မပူပါနဲ့။ ခဲ့နော့ရဲ့အနားမှာ အရှင်မင်းမြတ်ရဲ့လူတွေရှိတယ်။ သူမ အဆင်ပြေပါလိမ့်မယ်"

လင်ချင်းယဲ့ အံ့အားသင့်သွားသည်။

'ဟုတ်တယ်.. စစ်ယွိဟန်က အရှင့်ကို အရမ်းချစ်တယ်။ ဒါဆို သူက အရှင့်ကို ဘယ်လိုလုပ် စိတ်ပူခွင့်ပေးမှာလဲ?'

လင်ချင်းယဲ့ နဖူးပေါ်လက်တင်လိုက်ပြီး မျက်လုံးတွေကို မှတ်ထားလိုက်သည်။

"အရင်ကအဖြစ်အပျက်ကို စုံစမ်းတာ ဘာထူးလဲ?"

ချီချန်က ဆိုသည်။

"ဒါက အမြင်မှားတာပဲဖြစ်ရမယ်.. အစ်ကိုချင်းယဲ့"
သူ တစ်မြို့လုံးကိုလိုက်ရှာခဲ့သော်လည်း ခဲ့ကျန်းနှင့် သူ့ဇနီးကို ရှာမတွေ့ခဲ့ပေ။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now