Unicode
Chapter-231 ခဲ့နော့ ဘာမှမတတ်နိုင်ပေ။
ခဲ့နော့က စကားမဆိုတာကိုမြင်သောအခါ ယွီရှင်း၏ မျက်တောင်ရှည်များအောက်မှာ မျက်လုံးများသည် နက်မှောင်သွားလေသည်။ ရုတ်တရက် ခဲ့နော့က ပြောလာ၏။
"နင်ငါ့အပေါ် နူးနူးညံ့ညံ့ စကားပြောတာကို ငါကြိုက်တယ်။ နင့်အသက်ကို ဂရုမထားဘဲ ငါ့ကိုကယ်တင်ပေးတာကို ငါကြိုက်တယ်။ ငါနင့်ကိုကြိုက်တာကြောင့် နင်ဘာလုပ်လုပ် ငါကြိုက်နေမှာပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး... အနည်းဆုံးတော့ နင့်ကို အရမ်းကြိုက်ကြောင်း အစ်ကို့ကို သက်သေပြဖို့ အခွင့်အရေးပေးပါ"
ယွီရှင်းသည် ခဏတာ အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲ၌ မထင်မရှား အလင်းတန်းတစ်ခု ဖျက်ခနဲ လင်းလက်သွားသည်။
ခဲ့နော့၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြန်သည်။ သူမ မျက်ရည်တွေကိုသုတ်ဖို့ လက်ကိုမြှောက်လိုက်သော်လည်း မျက်ရည်တွေက ရပ်တန့်မသွားပေ။
ယွီရှင်းက သူ့ဆံပင်တွေကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
"မင်းပြန်လိုက်တော့နော်။ ငါလည်း တောင်တိုင်းပြည်ကို မြန်မြန် ပြန်သွားရမယ်။ မင်းရဲ့အချိန်တွေကို မဖြုန်းတီးနေနဲ့တော့"
ခဲ့နော့၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး ယွီရှင်း၏စကားများက သူမစိတ်ထဲမှာ ပဲ့တင်ထပ်နေလေသည်။
သူပြန်တော့မယ်။ ဘာလိုလုပ်ရမလဲ။ ငါသူ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလား။ ဘုရားရေ!
ခဲ့နော့သည် ယွီရှင်း ထွက်ခွာသွားပြီး သူမ၏မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။
လင်ကျင်းရှန်သည် မျက်ရည်စက်လက်နှင့် ခဲ့နော့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ခဲ့နော့သည် သူမနှင့် ထပ်တူကျသည်ဟု လင်ကျင်းရှန် ခံစားမိသော်လည်း သူမထက်စာရင် ခဲ့နော့က အများကြီး ကံကောင်းပေသေးသည်။
သူမက အမြဲသတိထားနေရသော်လည်း ခဲ့နော့ကတော့ ဘာပဲဖြစ်ဖြစ် ခဲ့ရွမ်က ကာကွယ်ပေးမှာပင်။
YOU ARE READING
စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)
Historical FictionFrom Ch: 161~