Ch: 269+270 (U+Z)

4K 578 5
                                    

Unicode

Chapter-269 ကိုယ်လဲ ငယ်တာပဲလေ။

"ငါသူ့ကိုသတ်ပစ်မယ်"

သူ ရတနာတစ်ခုလို ဆက်ဆံသော သူ၏ချစ်လှစွာသော ညီမလေးကို မည်ကဲ့သို့ အနိုင်ကျင့်ဝံ့သနည်း။

ခဲ့ရွမ်သည် တစ်စက္ကန့်လေးပင် မစောင့်နိုင်တော့ပေ။

"ရှောင်ဟန်..​ ငါစိတ်​ပူတယ်။ ငါညီမလေးကို သွားတွေ့လိုက်အုံးမယ်"

စစ်ယွိဟန်က အေးစက်သောအကြည့် ပေးလိုက်ပြီး ဆို၏။

"ဒါဆို မင်းကိုယ့်ကိုထားခဲ့မှာလား?"

စစ်ယွိဟန်သည် ပတ်ဝန်းကျင်၌ အရည်အချင်းရှိသည့် လူတွေအများကြီးရှိသော ဇာတ်လိုက်သာဖြစ်သည်။ ထိုသို့ တန်ခိုးကြီးမားသောသူတစ်ယောက်မှာ မတော်တဆတစ်ခုမှ ရှိနိုင်မှာမဟုတ်ဟု ခဲ့ရွမ် တွေးခဲ့၏။

ထို့အပြင် စစ်ယွိဟန်သည် ယခုအခါ၌ သြဇာအာဏာ ကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် မည်သည့်အခက်အခဲနှင့်မျှ မကြုံတွေ့နိုင်ပေ။

"ရှောင်ဟန်.. နော့နော့က ငါ့ကိုလိုအပ်နေတယ်"

စစ်ယွိဟန်က ခဲ့ရွမ်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သူ့ပခုံးပေါ်၌ ခေါင်းကို မြုပ်နှံထားလေသည်။

"ကိုယ်လဲ မင်းကိုလိုအပ်တယ်" သူက ရှုံ့မဲ့စွာ ပြော‌လာ၏။

ခဲ့ရွမ်: "ငါ့ညီမလေးက ငါ့ကို အရမ်းလိုအပ်နေတယ်"

စစ်ယွိဟန်က ပြန်လည်ချေပသည်။

"ခဲ့နော့မှာ ခင်ပွန်းရှိတယ်။ ယွီရှင်းက သူမကို ဂရုစိုက်လိမ့်မယ်။ မင်းက ကိုယ်အပိုင်ပဲ၊ မင်းကိုယ့်ကို ဂရုစိုက်ပေးရမယ်"

ခဲ့ရွမ်သည် ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့ပြီး ပြန်လည်ချေပ၍မရ‌တော့ပေ။

"နော့နော့က ငယ်သေးတယ်"

စစ်ယွိဟန်က သူ့လည်တိုင်ကို ပွတ်သပ်လာ၏။

"ကိုယ်လဲ ငယ်တာပဲလေ"

ခဲ့ရွမ်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး အကြောင်းတစ်ခုခုပြဖို့ ကြိုးစားလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now