Ch: 275+276 (U+Z)

3.7K 576 3
                                    

Unicode

Chapter-275 စစ်ယွိဟန်သည် တပ်များကို ကိုယ်တိုင် ဦးဆောင်တော့မည်။

စစ်ယွိဟန်၏ရှုထောင့်မှကြည့်လျှင် ခဲ့ရွမ်သည် နူးညံ့ပြီး ချစ်စဖယ်ကောင်းသော ဇီးသီးပွင့်များနှင့် ဝန်းရံထားပုံ ရပြီး သူ့မျက်နှာလေးသည် သန့်ရှင်းလှပသောနှင်းများ ဖုံးအုပ်ထားသည့် ကမ္ဘာ‌မြေကြီးလို ဖြူဖွေးနေလေသည်။

စစ်ယွိဟန်က သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာ၏။ ခဲ့ရွမ်၏ မျက်လုံးများသည် သူ့ကိုသာမြင်နိုင်သကဲ့သို့ သူ့ဆီ၌ ငြိတွယ်နေသည်။

စစ်ယွိဟန်သည် မသိစိတ်မှ ပြုံးလိုက်ပြီး သူ့အရှိန်ကို မြှင့်တင်လိုက်လေသည်။

တလျှောက်လုံး ခဲ့ရွမ်သည် ခုံပေါ်၌ထိုင်နေပြီး ချောမော ခန့်ညားလှသော စစ်ယွိဟန်က သူ့ထံသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်ကို ကြည့်နေ၏။

ခဲ့ရွမ်နှင့် မျက်နှာချင်းဆိုင်ခါနီးတွင် စစ်ယွိဟန်သည် အကြောင်းပြချက်တစ်ခုခုကြောင့် အနည်းငယ် ရှက်ရွံ့သွားပြီး သူ့ခြေလှမ်းများသည် နှေးကွေးကာ ပေါ့ပါးသွားပြန်သည်။

သူက ခဲ့ရွမ်ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ နူးညံ့စွာ မေးလိုက်သည်။

"ဘာလို့ အခန်းထဲမှာ မနေတာလဲ?"

ယခုအခါ နှင်းများရပ်တန့်သွားပြီဖြစ်သော်လည်း ရွမ်ဟန်နန်းဆောင်တစ်ခုလုံးသည် အိပ်မက်မြေတစ်ခုလို နှင်းများဖြင့် ဖုံးလွှမ်းနေကာ နေ၏ရောင်ပြန်ဟပ် မှုကြောင့် တောက်ပလင်းလက်နေသည်။

စစ်ယွိဟန်သည် ခဲ့ရွမ်၏လက်ကို ဆုပ်ကိုင်လိုက် သောအခါ အလွန်အေးစက်နေကြောင်း သိလိုက်ရ၏။

သူ မျက်မှောင်ကြုတ်လိုက်သည်။

"အခန်းထဲသွားပြီး စကားပြောရအောင်"

ခဲ့ရွမ်က ခေါင်းယမ်းလိုက်ပြီး စစ်ယွိဟန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီတစ်​ခါ မင်းကိုယ်​တိုင်​သွား​တော့မယ်​လို့ကြားတယ်​"

စစ်ယွိဟန်က ခေါင်းညိတ်ပြလိုက်သည်။

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now