Ch: 223+224 (U+Z)

4.7K 644 2
                                    

Unicode

Chapter-223 ဧကရာဇ်စာကြည့်ဆောင်။

ခဲ့ရွမ်သည် သူ့ကိုယ်သူ အရှက်ခွဲနေမိသည်ဟု ခံစားမိသည်။ သူ စစ်ယွိဟန်၏ အကြည့်တွေကို ရှောင်လွှဲပြီး မေးလိုက်၏။

"အခု မင်းငါ့ကို ပြလို့ရပြီလား"

"ဒါပေါ့"

စစ်ယွိဟန်က သူ့ကို စားပွဲခုံပေါ်မှာ တင်လိုက်သောကြောင့် စားပွဲပေါ်က သဝဏ်လွှာတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲ ကျသွားလေသည်။ ခဲ့ရွမ် အကြောင်းတစ်ခုခုကြောင့် စိတ်ရှုပ်သွား၏။

သို့သော် ဇာတ်လိုက်က တခြားအတွေးမရှိသည်ကို မြင်လိုက်ရသောအခါ သူ အတွေးလွန်နေခြင်းဟုသာ  ခံစားလိုက်ရသည်။

သူသည် စာကို ညင်သာစွာ ကောက်ကိုင်လိုက်ပြီး စစ်ယွိဟန်ရဲ့မျက်နှာကို မော့ကြည့်လိုက်သည်။ သူနဲ့ပတ်သတ်ပြီး ဘာမှထူးထူးခြားခြား မတွေ့မိတာကြောင့် ခဲ့ရွမ် စာကို အေးအေးဆေးဆေး ဖွင့်ဖတ်လိုက်တော့၏။

ဤစာသည် လင်ချင်းယဲ့ရေးခဲ့ခြင်းဖြစ်သည်မှာ မှန်ပေသည်။ သူက နယ်စပ်မှာ ကောင်းကောင်းမွန်မွန် ရှိနေပြီး ခဲ့ရွမ်ရော ဘယ်လိုနေသလဲဟု မေးထားသည်။

ခဲ့ရွမ်၏ နှုတ်ခမ်းထောင့်ကအပြုံး ပိုမို ကြီးမားလာသည်နှင့်အမျှ စစ်ယွိဟန် မျက်လုံးထဲတွင် အမှောင်လှိုင်းများ တဟုန်ထိုး တက်လာပြီး ပိုပြင်းထန်လာသည်။

စာကိုဖတ်ပြီးသည်နှင့် ခဲ့ရွမ်သည် စိုရိမ်တကြီး မျက်ဝန်းများဖြင့် စစ်ယွိဟန်ကို မော့ကြည့်ကာ မေးလိုက်သည်။ 

"စစ်သူကြီးချီရဲ့ ဒဏ်ရာက အတော်လေး ပြင်းထန်နေတာလား"

သူ၏ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သို့မဟုတ်  မည်ကဲ့သို့ ဒဏ်ရာရခဲ့ကြောင်းကို စာတွင်ဖော်ပြမထား သောကြောင့် ခဲ့ရွမ်မသိပေ။

ချီချန်သည် ဇာတ်လိုက်၏ ရဲရင့်သော စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူသာတစ်ခုခုဖြစ်ခဲ့ရင် စစ်ယွိဟန်ရဲ့ လက်တွေကို ချိုးလိုက်တာနဲ့ အတူတူပဲမဟုတ်လား?

စစ်ယွိဟန်က မျက်ခုံးပင့်လိုက်သည်။

"မင်းက ချီချန့်ကို အကြောက်ဆုံးဘဲ မဟုတ်လား ဧကရီ? မင်းဘာလို့ သူ့ကို အရမ်းစိတ်ပူပေးနေ ရတာလဲ?"

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now