Ch 181+182 (U+Z)

6.6K 852 18
                                    

Unicode

Chapter-181 တစ်ရေးတစ်မောအိပ်တာက တခြားအဓိပ္ပါယ်တွေရှိပုံရတယ်။

"ဘာဖြစ်လို့လဲ? ပြဿနာရှိလို့လား?

ခဲ့ရွမ် သတိပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်သည်။

"ဟင့်အင်း.. ပြဿနာမရှိပါဘူး"

ခဲ့ရွမ်၏လက်များသည် စစ်ယွိဟန်၏နောက်ကျောသို့ ရွေ့လျားလာကာ သူ့ခါးပတ်ကို ချွတ်ရန် ကြိုးစားလိုက်သည်။

မထင်မှတ်ပဲ သူ့ခါးက ခါးပတ်က ရုတ်တရက် ပြေလျော့သွားလေ၏။ ခဲ့ရွမ်လန့်သွားပြီး သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်တယ်။

"မင်းဘာလုပ်တာလဲ?"

စစ်ယွိဟန်သည် ရုတ်တရတ် ထိတ်လန့်တုန်လှုပ် သွားသော ခဲ့ရွမ်ကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။

"မင်းနဲ့အတူ ရှိချင်တယ်လို့ပြောတာက မင်းနဲ့အတူ အိပ်မယ်လို့ ဆိုလိုတာလေ။ မင်းက အဝတ်အစားတွေနဲ့ ဒီတိုင်းအိပ်မလို့လား ဧကရီ?"

ခဲ့ရွမ်သည် အဝတ်အစားတွေနဲ့အိပ်မယ်လို့ ပြောတော့မည်အပြု စစ်ယွိဟန်၏ ဒုတိယစာကြောင်းက သူ့စကားလုံးများကို ပြန်မျိုချလိုက်စေသည်။

"ဒါပေမယ့် ကိုယ်ကတော့ မကြိုက်ဘူး။ ကိုယ်နေရတာ အဆင်မပြေဘူး"

ခဲ့ရွမ်က ညည်းတွားလိုက်၏။

"ဒါပေမယ့် ငါဝတ်ထားရတာ အဆင်ပြေတယ်"

"ဧကရီ.. အခု မင်းက ကိုယ်နဲ့အတူ အနားယူဖို့ လိုက်လာတာလေ။ ထုံးစံအတိုင်း မင်းက ကိုယ့်ကို စိတ်ကျေနပ်‌အောင် လုပ်ပေးသင့်တယ်မဟုတ်လား"

ခဲ့ရွမ် အံကြိတ်လိုက်လေ၏။

'မင်းနဲ့ပတ်သတ်ပြီး သောက်ပြဿနာတွေအများကြီး ရှိနေတာပဲ'

"မင်းမှာ မေးစရာရှိသေးလား"

"မရှိဘူး"

"မရှိဘူးဆိုရင်.. ဆက်ချွတ်လို့ရပြီ.. ဧကရီ"

ခဲ့ရွမ် စိတ်ရှုပ်သွားသည်။ တိုင်းပြည်တစ်ပြည်ရဲ့ ဧကရာဇ်မင်းတစ်ပါးအနေနဲ့ ပြောရရင် သူ့စကားက အောက်တန်းကျသည်။

'အဝတ်လဲပေးပါလို့ မပြောနိုင်ဘူးလား? ချွတ်ပေးဆိုတာက ဘာသောက်အဓိပ္ပာယ်လဲဟ!?'

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now