Ch: 257+258 (U+Z)

4.6K 664 5
                                    

Unicode

Chapter-257 စစ်ယွိဟန်က ကြင်နာတတ်သလား။

နှစ်ယောက်သား စိတ်ဝိညာဉ်နှစ်ခုကို ထပ်တူ ကျစေပြီးနောက် လေထုက ပိုနွေးထွေးလာသင့်သည်ဟု ခဲ့ရွမ်တွေးမိသော်လည်း နေရာတိုင်းတွင် အဘယ်ကြောင့် ထူးဆန်းနေရသနည်း။ အထူးသဖြင့် စစ်ယွိဟန်၏ ရွှင်မြူး‌သောမျက်နှာကို ကြည့်မိသောအခါတွင် သူလည်ပင်းကို ငုံ့ထားမိသည်။

"ချစ်ဧကရီ.. မင်း များများစားသင့်တယ်နော်။ မနေ့ညက တော်တော်လေး ပင်ပန်းထားတယ် မဟုတ်လား။ မင်းရဲ့ကျန်းမာရေးအတွက် များများစားလိုက်နော်"

စစ်ယွိဟန်သည် အစကတည်းက ခဲ့ရွမ်ကို လက်မဝက်ပင် အကြည့်မလွှဲဘဲ ကြည့်နေခဲ့သည်။

ခဲ့ရွမ်က ထူးဆန်းသလို ခံစားလိုက်ရ၏။ ဒီထူးဆန်းတဲ့ ခံစားချက်ကို သူတစ်ယောက်တည်း ခံစားနေရတာလား?

သူပန်းကန်ထဲက အစားအစာတွေကို ကောက်ယူပြီး ပါးစပ်ထဲကို ထည့်လိုက်သည်။ စစ်ယွိဟန်ကို မြန်မြန်စားဖို့ ပြောတော့မည့်အချိန်မှာပဲ နွေးထွေးသည့် နှုတ်ခမ်းတစ်စုံက သူ့ပါးပြင်ပေါ် ကျရောက်လာ၏။

ခဲ့ရွမ်က သူ့ကို ပြူးကြောင်ကြောင်ကြည့်လိုက်သည်။

"မင်းက သိပ်နာခံတာပဲ။ များများထပ်စားနိုင်တယ်" ထိုသို့ပြောရင်း သူက နောက်ထပ် ပန်းကန်ပြား တစ်ချပ်ကို ကောက်ကိုင်လိုက်သည်။

ခဲ့ရွမ် နှုတ်ခမ်း‌ထောင့်ကို လှုပ်ယမ်းလိုက်သည်။ သေသေချာချာကြည့်မည်ဆိုလျှင် သူ့ရဲ့နှုတ်ခမ်းထောင့် လှုပ်ယမ်းနေသည်ကို မြင်နိုင်သည်။

"မင်း...မင်းဟာမင်း စားပါ။ ငါ့ကို ဂရုစိုက်မနေနဲ့"

စစ်ယွိဟန် ပြုံးလိုက်သောကြောင့် သူ၏မျက်လုံးများနှင့် မျက်ခုံးများ ကွေးညွတ်သွားသည်။

"ကိုယ်မင်းကို ကြည့်နေရတာကြိုက်တယ်။ မင်းစားတာကိုကြည့်နေရရင် ကိုယ်လဲ ဗိုက်ပြည့်သွားလိမ့်မယ်"

ခဲ့ရွမ် "......"

'ယောက်ျားလေးတွေနဲ့ ပရောပရည်လုပ်တဲ့ နေရာမှာတော်တဲ့ ဇာတ်လိုက်ကို ဘယ်လိုလုပ်သင့်လဲ? မြန်မြန်ကူညီကြပါ။ မင်းတို့ကို အွန်လိုင်းမှာ စောင့်နေမယ်'

စာအုပ်ထဲကဗီလိန်အကြီးစားအဖြစ်သို့ ကူးပြောင်းလာခြင်း(ဘာသာပြန်-၂)Where stories live. Discover now